👑Part-14👑

482 63 5
                                    

Kris " မလုံလောက်ဘူး.....ဟုတ်လို့လား အဖိုးရယ် အခုချိန်မှာ ဘယ်သူ့ကို သွားရှာရမှာလည်း အကုန်အိပ်နေလောက်ပြီကို လုပ်ပါ သင်ပေးပါ ren ကို ကယ်တင်ပေးပါ မလုံလောက်လည်း ရအောင် ကြိုးစားပြီး ကုပေးပါ့မယ် ကျေးဇူးပြု၍ သင်ပေးပါ "

kris က ဦးညွှတ်ပြီး ပြောလိုက်တော့

* ဒီကလေး... ငါဘယ်လိုလုပ်ရမလဲ ဒီကလေးက နောက်တချိန် ကျရင် စွမ်းအားကြီးတဲ့လူတယောက်ဖြစ်လာပြီး lord martha လိုမျိုး တိုင်းပြည်ကို ဖျက်ဆီးခဲ့ရင်ရော........ ငါသူ့ကို သင်ပေးရင် ရတာပဲ ငါသူ့ကို.... လူကောင်းတယောက်ဖြစ်အောင် သင်ပေးရင်ရတာပဲ... သူ့ရဲ့ အနာဂတ်ကို ကြည့်ကြည့်ရင်ရော *

အဖိုး " kris အဖိုးကို ကြည့်စမ်း "

kris က အဖိုး ကို ကြည့်လိုက်ပြီး

* ဒီကလေးရဲ့အနာဂတ်ကို .....ဖတ်လို့မရဘူး.... ဘာဖြစ်လို့လဲ..... နည်းနည်း အပိုင်းအစလေးတောင်မရဘူးလား.....ဟူး...ငါလည်း အသက်ကြီးလာလို့နေမယ် အားတွေလည်းနည်းလာပြီ *

အဖိုး " ခဏလေးနေအုံး "

အဖိုးက ထွက်သွားပြီး စာအုပ်တအုပ်နဲ့ ပြန်လာကာ

အဖိုး " Heypi (ဟီးပီ ) ( heal your pain / HeYPi🙂ဒီတိုင်းစိတ်ကူးနဲ့ထည့်ထားတာနော် လိုက်အော်မနေကြနဲ့ ရူးကုန်မယ် ဒီလူတောင်ရူးချင်နေတာ 😆 ) ကုသခြင်းမှော် ရဲ့ spell ပဲ အရင်ဆုံး သူရဲ့ လက်ကို ကိုင်လိုက် "

Kris " ဟုတ် "

ကိုင်ပြီးတော့

အဖိုး " အခုသူ့ရဲ့ စိတ်ထဲဝင်ကြည့် ဖြည်းဖြည်းချင်း သူခံစားနေရတာတွေကို ကိုယ်ပါလိုက်ခံစားကြည့်..... ရလား "

kris " ဟုတ် "

အဖိုး " ရပြီ လွှတ်လိုက်တော့ အခု မင်း မီးထုတ်ကြည့် "

Kris က လက်ဖဝါး တဖက်ကို ဖြန့်လိုက်ပြီး သူ့ရဲ့ ကိုယ်ပိုင်မီးလေးကို ထုတ်လိုက်ကာ

အဖိုး " သူ့ကိုကြည့်ပြီး စိတ်ထဲကနေ ထက်သန်စွာ ကယ်တင်ချင်နေတဲ့ စိတ်ပေါ်နေရင် heypi လို့ ရွတ်လိုက် မင်းရဲ့ မီးတောက်အရောင်ပြောင်း တာနဲ့ သူ့ကို ကုပေးလို့ရပြီ "

ᴛʜᴇ ʟᴇɢᴇɴᴅꜱWhere stories live. Discover now