👑Part -20👑

530 71 28
                                    

kris က lia ရဲ့ ဘဝ မှန်ကို သိသွားတော့ စိတ်မ​ကောင်းတဲ့ မျက်လုံးနဲ့ ကြည့်နေတော့

" haha အဲ့လိုသနားတဲ့ မျက်လုံးနဲ့ မကြည့်စမ်းပါနဲ့ ငါက ဘယ်သူသနားတာမှမခံဘူး "

kris လည်း တနေရာကို အကြည့်လွှဲလိုက်ပြီး

" တော်ဝင် မျိုးရိုး မရှိပေမယ့် အစ်မရဲ့ မှော်က ဘာလို့အရမ်းအစွမ်းထက်နေတာလဲ "

" ဘယ်လိုလုပ်သိမလဲ ကြိုးစားလို့နေမှာပေါ့ ဒါမှမဟုတ် အဖေနဲ့အမေ တယောက်ယောက်ဆီက အမွေရတာနေမှာပေါ့ "

" အဲ့တာထက် ဓားပြတိုက်တာကရော ဘာအတွက်လဲ "

" နင်ငါတို့နဲ့ပူးပေါင်းမယ်ဆိုပြောပြမယ် "

" ပူးပေါင်းတာ...ဘယ်လိုပူးပေါင်းတာလဲ အစ်မက ဓားပြခေါင်းဆောင်ဆိုတာကျောင်းအုပ်ကို မပြောရမှာလား "

" hum. .အဲ့တာလည်း ပါတယ်... kris နင်က နန်းတွင်းမှာပဲနေလာတော့ အပြင်လောက အကြောင်း သိချင်မှသိမှာ အပြင်မှာ လူ့အခွင့်အရေးကို တန်းတူမရတဲ့ သူတွေအများကို အထူးသဖြင့် ငါ့လို့အနိုင်ကျင့်ခံရတဲ့ ခလေးတွေ အရမ်းများတယ် ဒီမြို့က ကုန်သွယ်မြို့ ၃လတခါ ကျွန်တွေ ကို ေလလံတင်ပြီးရောင်းစားကြတယ် သူဌေးတွေက ဝယ်ကြတယ် အမျိုးသမီး တွေကို လိင်ကျွန်အဖြစ်ရောင်းစားကြတယ် ခလေးတွေနဲ့ ယောကျာ်းတွေကိုတော့ အလုပ်သမား အဖြစ်ရောင်းစားကြတယ် ငါတို့က အဲ့လိုရောင်းစားခံရတဲ့ သူတွေကို ပြန်ကယ်တယ် သူတို့အတွက် နေစရာပေးတယ် စားစရာပေးတယ် ကူညီပေးတယ် အရှင်းဆုံးပြောရရင် ငါတို့ကို နှိပ်စက်ခဲ့တဲ့ လူတွေကို ပြန်လက်စားချေဖို့ ဒီစောက်သုံးမကျတဲ့ ဥပဒေတွေကို ဖျက်ချင်လို့ ငါတို့ တော်လှန်ဖို့ လုပ်နေတာပဲ ရည်မှန်းချက် က ကြီးပေမယ့် လောလောဆယ် တော့ ဓားပြတိုက်တဲ့နေရာက မတက်ဘူး haha ဒါတွေကြားပြီးတော့ ဘယ်လိုခံစားရလည်း တော်ဝင်မင်းသမီးလေး "

" ....အဲ့လိုတွေရှိမှန်းမသိခဲ့တာ.... "

" နားလည်ပါတယ် နင်တို့ဘဝ မွေးတည်းက ရွှေဇွန်းကိုက်မွေးလာကြတာပဲလေ... Light kingdom ရဲ့ ဘုရင်မ ဖြစ်ချင်တယ်ဆို ဒါတွေကို သေချာနားလည်အောင်လုပ်သွား အပေါ်က အကျင့်ပျက်ခြစားနေတဲ့ လူတွေကြောင့် အနိုင်ကျင့်ခံနေရတဲ့ လူဆင်းရဲတွေ အများကြီးဆိုတာ သူတို့အနိုင်ကျင့်ခံနေရမှန်းသိပေမယ့်လည်း ဘယ်ကိုမှပြောပြလို့မရဘူး ဥပဒေတွေက ငွေပိုပေးနိုင်တဲ့ ဘက်ကို အလေးပေးနေကြတာပဲ...နင်လိုက်ကြည့်မလား ငါနဲ့ လူတွေရောင်းဝယ်နေတဲ့မှောင်ခိုစျေးကို "

ᴛʜᴇ ʟᴇɢᴇɴᴅꜱحيث تعيش القصص. اكتشف الآن