👑Part-19👑

449 63 2
                                    


Kris လည်း အတန်းချိန်တွေပြီးတာနဲ့ အဖိုးဆီကို လာပြီး မှော်ပညာတွေသင်ယူနေတာ ၁လနီးပါး လောက်ရှိနေပြီ
သူမက မတတ်နိုင်တာမရှိသလိုပဲ ဖတ်လိုက်ရုံနဲ့တင် အားလုံးကို ပြန်ပြုလုပ်နိုင်တယ် တခါတလေ မှော်အသစ်တွေပါ ထုတ်ပြတော့ အဖိုးကတော့ ပါးစပ်လေးဟကာ ကြည့်နေရုံမှ လွဲ၍ ကျန်တာမတတ်နိုင်ပါ သူ့ထက်တော်တဲ့ တပည့်ကို ကြည့်ပြီး အမြဲ ဂုဏ်ယူနေတတ်သည်....kris ကလည်း ပိတ်ရက်ဆို လူမသိအောင် မျက်နှာဖုံးတပ်ပြီး မြို့ထဲမှာသောင်းကျန်းနေတဲ့ လူတွေကို လိုက်ဆုံးမတတ်တယ် မြို့ထဲမှာတော့ မျက်နှာဖုံးနဲ့သူရဲကောင်းလို့ နာမည်ကျော်နေသည်...

......

"Louis ငါတို့ သူ့ကို ရှင်းဖို့လိုနေပြီ "

" ဘယ်သူလဲ "

" မြို့ထဲမှာ hero လုပ်နေတဲ့ကောင်လေ ငါသတိထားမိနေတာကြာပြီ ပိတ်ရက်တိုင်း သူရောက်ရောက်လာတယ် "

" ဟုတ်တယ် ပြီးရင် ငါတို့ဓားပြမတိုက်ရအောင် လုပ်တယ် သူက ဘာရည်ရွယ်ချက်နဲ့ ငါတို့လမ်းကိုလိုက်ပိတ်နေတာလဲ ငါတို့နေရာပြောင်းရင်ကောင်းမလား "

" မလိုပါဘူး ဒီမြို့က ရေလျှံတယ် ကုန်သွယ်ရေးမြို့လေ ဒီမြို့ထက်ကောင်းတဲ့နေရာမရှိဘူး နောက်ပြီး ငါတက်နေတဲ့ကျောင်းကလည်း လူချမ်းသာတွေတက်တာ အဲ့တော့ ဘာမှ မရှိတော့ရင်တောင် အဲ့ကျောင်းသွားပြီး လုလို့ရတယ် "

" ငါတော့ ဒီလို ခိုးကြောင်ခိုးဝှက် မရှင်သန်ချင်တော့ဘူး ငါတို့ လက်အောက်က ခလေးတွေအတွက် အနာဂတ်လှလှလေးတွေ ဖန်တီးပေးချင်တယ် ကိုယ်ပိုင်နယ်မြေလိုချင်တယ် ဓားပြမတိုက်ချင်တော့ဘူး "

" ဖြစ်လာမှာပဲ လောလောဆယ် ကိုယ့်နေရာကို မသိပဲ ဝင်ရှုပ်ချင်နေတဲ့ အရှုပ်ထုပ်ကို အရင်ရှင်းရမယ် "

" ညီမလည်း လိုက်မယ် "

" ညီမလေးက လိုက်မရဘူးလေ အရင်ကလို အန္တရာယ်ဖြစ်ရင် ဘယ်လိုလုပ် မလဲ "

" လိုက်ခိုင်းလိုက်ပါ သူလည်း ၁၆နှစ်တောင်ပြည့်တော့မှာကို နင်နေရာတကာ လိုက်ထိန်းမနေနဲ့ နောက်ပြီး ငါတို့နှစ်ယောက်လည်းပါတာပဲကို "

ᴛʜᴇ ʟᴇɢᴇɴᴅꜱDonde viven las historias. Descúbrelo ahora