Part 1

22.5K 967 21
                                    

မှားယွင်းခဲ့သော ​ချစ်ခြင်း (unicoad/zawgyi)
Part 1

စွန့်ခွာခဲ့ပြီးသော ခန္ဓာကိုယ်ကို ပြန်ကြည့်လိုက်ရင်း နာကျင်စွာ ပြုံးလိုက်မိသည်...
ခါးသီးခဲ့လွန်းတဲ့ အတိတ်ဆိုးတွေပြည့်နေတဲ့ အဲ့ဒီသေဆုံးနေတဲ့ ခန္ဓာကိုယ်ကို မုန်းတီး
စွာ ငုံ့ကြည့်ပြီး အရင်တည်းက သေဆုံးခဲ့ရမှာလို့ ပြန်တွေးမိလိုက်သေးသည်

ချစ်တဲ့သူနဲ့ကွေကွင်းရခြင်း မချစ်မနှစ်သက်သူရဲ့ သိမ်းပိုက်မှုကိုခံခဲ့ရကာ တစ်ဘဝလုံး
ချုပ်နှောင်ထားခံရပြီး စိတ်မလိုတိုင်း နှိပ်စက်ခံရသည့်ဘဝကနေ သေဆုံးသည်အထိ
ဖြစ်ခဲ့ရတဲ့ အဲ့ဒီ ခန္ဓာကိုယ်ကို မုန်းတီးပါသည်

သူဟာ... ခန္ဓာကိုယ်မရှိတဲ့ ဝိဉာဥ်တစ်ကောင်...
ဘယ်သူကမှ ချုပ်နှောင်ထားလို့မရတော့ဘူး ဘယ်သူကမှ နှိပ်စက်လို့မရတော့ဘူး
သူ့ကို ပွေ့ဖက်ကာ ရင်ကွဲမတတ် အော်ငိုနေတဲ့လူကို မကြားနိုင်မှန်း သိရဲ့နဲ့...

"ကောင်းတယ်.. သေအောင် ငိုနေလိုက်... ငိုရင်းနဲ့ တစ်ခါတည်း သေသွားသင့်တာ ...
ခုမှ လာငိုနေသေးတယ်.. ငါသေရတာ မင်းကြောင့်ပဲလေ.. မင်းနဲ့သာ မတွေ့ခဲ့ရင် ငါ
သေဉီးမှာမဟုတ်ဘူး.. ငါ့မိဘတွေလဲ သေမှာမဟုတ်ဘူး.. မင်းကြောင့် အားလုံး မင်း
ကြောင့်.... ''

သူ... ထိုနေရာကနေ ပြေးထွက်ခဲ့လိုက်သည်... ထို လူကို ထပ်မမြင်ချင်တော့ဘူး....

ဉီးတည်ရာမဲ့ လျှောက်သွားနေရင်း...

"ငါ... ချင်းချင်းဆီ သွားလို့ရတာပဲ... ခုချိန်ဆို.. ငါသေမှန်းသိပြီး ငိုနေရှာတော့မယ် ''

ရှောင်းကျန့်ဆိုတဲ့ ဝိဉာဥ်လေးဟာ တစ်ချိန်က သူ့သတို့သမီးလောင်းဖြစ်ခဲ့သည့် ချင်းယွဲ့
ထံသွားဖို့ တွေးလိုက်မိတော့သည်... မသေဆုံးခင်အချိန်က ချင်းချင်းကို သိပ်မတွေ့ရ..
လှောင်ချိုင့်ထဲက ငှက်ငယ်လေးလို အဝေးမှ လွမ်းဆွတ်ရင်းသာ နေခဲ့ရတာလေ

တစ်ချိန်က အမြဲ ဝင်ထွက်နေကျ... နတ်သမီးစံအိမ် သို့ သူ... ရောက်လာသည်...
သိပ်ကြာကြာမရှာလိုက်ရ...
အလှနတ်သမီးလေး ချင်းချင်းကို... ဒန်းလေးပေါ်မှာ သူ တွေ့လိုက်ရသည်.. အပူအပင်
ကင်းမဲ့စွာ လှနေသည့် သူ့ရဲ့ အချစ်နတ်သမီးလေး

မှားယွင်းခဲ့သည့် ချစ်ခြင်း Where stories live. Discover now