Part 25

7.1K 523 2
                                    

မှားယွင်းခဲ့သည့် ချစ်ခြင်း
Part 25

ပါးနှင့်မားကို လုပ်ကြံဖို့ ကြိုးစားနေကြတဲ့ သူတွေကိုလဲ.. သခင်က ဖော်ထုတ်
ပေးခဲ့သည်... တကယ်တော့... ပါးရဲ့ ကုမ္ပဏီကို ဒေဝါလီခံရအောင် လုပ်သူမှာ..
ဉီးလေးသာ ဖြစ်သည်...

သူ့အကြံအစည် အကောင်အထည်ဖော်ဖို့ နှစ်ပေါင်းများစွာ.ကြံစည်နေခဲ့သူ
ဖြစ်သည် ...အခြား သူဌေးများကိုလည်း ၄င်းတို့၏အားနည်းချက်များကို ဖိနင်း၍
အကြံအစည်ထဲတွင် ပါဝင်စေခဲ့ခြင်းဖြစ်သည်...

သူတို့ပေါင်းပြီး အကောက်ကြံ ကလိမ်ကကျစ်လုပ်ပြီး.. ပါးကို.. ဘဝပျက်အောင်
လုပ်၍ ကောင်းစားနေကြသည့်.. သူတွေကို... သခင်က အကုန်ဖော်ထုတ်ပေး
ကာ.... ပါးရဲ့ ကုမ္ပဏီကို.. ပြန်ယူပေးခဲ့ပြီး ဉီးလေးနှင့်အပေါင်းအပါများကို ထောင်
ထဲသွင်းပစ်ခဲ့သည်

ကျွန်တော့်ရဲ့ ကံကြမ္မာကို ပြန်လည်ပြောင်းလဲခွင့် ရခဲ့သည့်အတွက် အရာအားလုံး
ပြောင်းလဲနိုင်ခဲ့ပြီ...

ကျွန်တော်.. အမုန်းဆုံးဖြစ်ခဲ့ဖူးသည့် သခင်ကလဲ...အခုတော့ အချစ်ရဆုံး လူသား
တစ်ယောက်ဖြစ်လာခဲ့သည်...

ဒီနေ့... ဉီးလေးနဲ့ သူ့ပါတနာတွေကို.... အပြီးသတ်အမိန့်ချတဲ့နေ့

သခင်.... အိမ်ပြန်လာမယ့် လမ်းကို လည်ပင်းရှည်အောင် မျှော်နေရင်း
ခုတလော... ကျောင်းမှာ စီရွှမ်းကို... မတွေ့ရတော့တာကို သတိရမိသည်
သခင့်ကို.ကြောက်၍ ကျောင်းပြောင်းပြေးသွားတယ် ထင်ပါရဲ့

"ဟော.... သခင် ပြန်လာပြီ... ''

စံအိမ်တော်ကို လှမ်းမြင်ရသည့် အကွေ့ရောက်တာနှင့်... ထွက်စောင့်နေတတ်သည့်
ကောင်လေးကို အရင်ဆုံးလှမ်းကြည့်မိပြီး.. ရင်ထဲမှာ.. နာကျင်သွားရသည်

ကောင်လေးဖခင်က ဒီနေ့ပဲ.... အကြွေးတွေအားလုံး ပြန်ဆပ်ခဲ့ပြီး... သူ့သားကို ပြန်
ခေါ်ရန်... နောက်က လိုက်ပါလာခဲ့ပြီ

ကောင်လေးဖခင် ကုမ္ပဏီပြန်ရအောင် လုပ်ပေးနေချိန်မှာ.. သိပ်မကြာခင် တစ်နေ့
ကောင်လေးကို လက်လွှတ်ရတော့မယ်မှန်း သိနေခဲ့တည်းက ညဘက်.. အိပ်မွေ့ချ
လို့တောင်.. အိပ်မပျော်နိုင်တော့...

မှားယွင်းခဲ့သည့် ချစ်ခြင်း Where stories live. Discover now