Part 23

7.2K 553 2
                                    

မှားယွင်းခဲ့သည့် ချစ်ခြင်း
Part 23

အပ်ကျသံတောင် မကြားရအောင် အေးစက် တိတ်ဆိတ်နေသည့် ဧည့်ခန်းကြီးထဲသို့
လျှောက်ဝင်လာခဲ့ပြီး... ရေခဲတမျှအေးစက် ခက်ထန်နေသည့် သခင့် မျက်နှာချော
ချောကို ငေးကြည့်မိသည်..

မုန်တိုင်းတိုက်ခါနီး... ငြိမ်သက်နေခြင်းမျိုးလို....အခန်းတွင်းရှိလူများ အားလုံး
အသက်ပင် ရဲရဲ မရှုရဲကြ... ယခင်က.. ဒီလို နေ့မျိုးမှာ... အကြီးမားဆုံး မုန်တိုင်း
တစ်ခု ဖြစ်ခဲ့ဖူးသည်လေ..

ဒါပေမယ့်... အရင်ဘဝက ကျန်းချန် သေဆုံးခဲ့ရခြင်းကလည်း သခင် လုပ်ခဲ့တာ
မဟုတ်မှန်း.. ကျွန်တော်.. သိခဲ့ရပြီ...

အရင်ဘဝက သခင့်အပေါ် အထင်လွဲမှားမှုတွေ အားလုံးကို... ကျွန်တော် ရှင်းလင်း
နိုင်ခဲ့ပြီ ...

ကျွန်တော်.... သေဆုံးသွားခဲ့လို.. ​ဆေးရုံ ခေါင်မိုးပေါ်က ခုန်ချ သတ်သေခဲ့တဲ့
သခင့် အချစ်တွေကို.. ကျွန်တော်.. နားလည်ခဲ့ရပြီမို့.. ကျွန်တော်ဟာ သခင့်
အတွက်တော့.. အရာရာပဲ မဟုတ်လား..

"သခင်.... ''

အေးစက်နေတဲ့...သခင့်ရဲ့ မျက်ဝန်းတွေရဲ့ နောက်ကွယ်မှာ.... ကျွန်တော့်ကို ဆုံးရှုံး
လိုက်ရမှာ ကြောက်ရွံနေသည့် နာကျင်မှုကို မြင်တွေ့နေရသည်

ကျွန်တော့် ခေါ်သံကို မကြားသည့်အလား.. ကျွန်တော့် မျက်လုံးတွေထဲထိ စူးစိုက်
ကြည့်ကာ အဖြေရှာနေသည့် သခင့်ကို.. နုညံ့စွာ ပြုံးပြလိုက်ပြီး... သခင့်ဘေးက
ခုံတွင် ဝင်ထိုင်ကာ ... လက်ရန်းပေါ်တင်ထားသည့် သခင့်လက်ကို.. အုပ်ကိုင်လိုက်
သည်...

"ခဏနေရင်... စီရွှမ်း လာလိမ့်မယ်... သခင်.. သူ့အစီအစဥ်အတိုင်း ခဏစောင့်
ကြည့်နေပေးပါ... ကျွန်တော်.. သခင့်ဆီက ထွက်မသွားပါဘူး.. ကျွန်တော့် မိဘ
တွေက.. သခင့်အိမ်မှာ ရှိနေတာမို့... ခဏတော့.. ယုံကြည်ပေးနော် ''

"ဘာတွေ ကြံစည်နေတာလဲ.. ကလေး.. မင်းအသက် အခုမှ ၁၇ နှစ်စွန်းရုံလေးပဲ
ရှိသေးတယ်... မင်း.. လုပ်နေတာတွေက.. ကလေးတစ်ယောက် လုပ်ရပ်တွေ
မဟုတ်ဘူး... ကိုယ် မင်းကို နားမလည်တော့ဘူး ''

မှားယွင်းခဲ့သည့် ချစ်ခြင်း Where stories live. Discover now