Part 21

7.4K 552 3
                                    

မှားယွင်းခဲ့သည့် ချစ်ခြင်း
Part 21

"အဲ့ကိစ္စက အဲ့လောက်ထိ မရိုးရှင်းဘူး.''

"ဟုတ်တယ်... သခင်ကြီး .. ကျွန်တော်လဲ အဲ့တာကြောင့် စုံစမ်းနေတာ... အရင်တုန်း
က ပူထူနေလို့ ဘာမှမစဥ်းစားနိုင်ခဲ့ဘူး... တကယ်တန်း ပြန်စဥ်းစားတော့ ကျွန်တော့်
ကို ဖြုတ်ချဖို့ ဝိုင်းပြီး ကြံစည်တာခံရတယ်လို့ ထင်လာတယ် ''

"မနေ့က.. ကလေး တောင်းဆိုလို့... အဲ့ကိစ္စကို ကျွန်တော့်တပည့်တွေကို စုံစမ်းခိုင်း
တော့... ရှောင်းပါးရဲ့ညီ ရှောင်းရန်လုံက အဓိကလူဖြစ်လိမ့်မယ်လို့ ခန့်မှန်းထားတယ်''

"ကျွန်တော်လဲ ရိပ်မိတယ် သခင်ကြီး... ကျွန်တော့် ရှယ်ယာတွေကို အောက်စျေးနဲ့
ကူညီသလို ပြန်ဝယ်တာက ကျွန်တော့်ညီနဲ့ ချင်းသူဌေး အများဆုံးပဲ.. တခြားလူတွေ
ကတော့ နည်းနည်းစီပဲ ...

ပြီးတော့.. မော်ဒယ်မနဲ့ မတော်တရော်ပုံတွေ ထွက်တဲ့ စီသူဌေးကလည်း... လောင်း
ကစားသမားဆိုတော့.. အကြွေးတွေအများကြီးရှိနေတာကို အားလုံးသိကြတယ်
အဲ့ကိစ္စဖြစ်ပြီး သိပ်မကြာခင်ဘဲ သူ့အကြွေးတွေ တော်တော် များများ ဆပ်လိုက်တဲ့
အကြောင်းလဲ သိထားပြီးပြီ ''

ပါးရဲ့ စကားတွေကို နားထောင်ပြီး... အရင်ဘဝက ပါးနဲ့မား ဘာကြောင့် သတ်ခံခဲ့
ရတယ်ဆိုတာ... နားလည်သွားခဲ့သည်... ပြီးတော့ ဉီးလေးကို ကျားစာ ကျွေးခဲ့တာ
ဟာ... ကျွန်တော့်မိဘတွေကို ဘဝပျက်ပြီး သေအောင်ထိ လုပ်ခဲ့တဲ့အတွက် သခင်
က ကျွန်တော့်အတွက် ကလဲ့စားချေပေးခဲ့ခြင်းသာ ဖြစ်လိမ့်မည်

အရင်ဘဝက သခင့်ကို အရမ်းကြီးကို အထင်မြင်တွေ လွဲခဲ့မိတာပဲ ... ကျွန်တော်
သခင့်လက်ကို... ဆုပ်ကိုင်လိုက်မိတော့.. ကျွန်တော့်ကို ငုံ့ကြည့်လာသည်

"စိတ်မပူနဲ့ ကလေး ... ကိုယ် ကြည့်စီစဥ်လိုက်မယ်... ရှောင်းပါး.. ဒီက ကျွန်တော်
တို့ ပြန်ရင်... တစ်ခါတည်း လိုက်ခဲ့ကြပါ.... ကလေးက.. သူ့ပါးနဲ့မား လုပ်ကြံခံရ
မှာ ကြောက်နေတာ ''

"အာ.... အဲ့လောက်လဲ.. စိတ်မပူပါနဲ့.. သူတို့ အဲ့လောက်တော့ မလုပ်လောက်ပါ
ဘူး... သားလေး.. ပါးတို့ကို စိတ်မပူနဲ့နော်.. ဘာမှမဖြစ်ဘူး ''

မှားယွင်းခဲ့သည့် ချစ်ခြင်း Where stories live. Discover now