Part 19

8K 556 3
                                    

မှားယွင်းခဲ့သည့် ချစ်ခြင်း
Part 19

သခင်က အလုပ်များလွန်းသူ ဖြစ်သဖြင့် ကျွန်တော့်ဘေးမှာ အချိန်တိုင်း မနေနိုင်ပါ
အနီးကပ်ကုသရန် လိုအပ်သေးသဖြင့် ဆေးရုံမှာ ၃ ရက် ဆက်နေရဉီးမည်

အစာအိမ် အလုပ်လုပ်ဖို့ ရေနွေးနှင့် ဆန်ပြုတ်ပျော့ပျော့ကိုသာ စားရသည်....
အစာအိမ်က..ဘာကြောင့် နာကျင်နေရလဲ ကျွန်တော် မသိပါ.. ရက်အကြာကြီး
သတိလစ်နေရလောက်အောင် ကျွန်တော်က ပျော့ညံ့သူတစ်ယောက်လဲ မဟုတ်

"သခင်လေး.... ဆန်ပြုတ်စားရအောင်နော်...တာမားချင်က သခင်လေးကို ဆန်ပြုတ်
တိုက်မရဘူးလို့ ကျွန်တော့်ကို.လာပြောတယ် ''

"ဆန်ပြုတ်သောက်နေရတာ နှစ်ရက်တောင်ရှိပြီ... မသောက်ချင်တော့ဘူး ....Dr ''

"သခင်လေးအစာအိမ်က ကျင့်သားမရသေးလို့ပါ.... သဘက်ခါဆို.တခြားအစာပျော့
တာ... စ စားလို့ရပါပြီ ''

"ဝမ်နင်ကော... ကျွန်တော် ဘာဖြစ်ထားလို့ အစာအိမ်က ပုံမှန်မဟုတ်ရတာလဲ ..ပြီး
တော့ ဘာလို့ နာနေရတာလဲ ''

ဝမ်နင် မျက်နှာ အနည်းငယ် ပျက်သွားပြီးမှ... ပြန်ထိန်းလိုက်ကာ

"အစာ မစားတာ ၁၀ ရက်တောင်လေ.. ဒါကြောင့်ပါ... ''

"မယုံဘူး... ကျွန်တော်.အဲ့ကိစ္စပြောတိုင်း ဝမ်နင်ကော... မျက်နှာပျက်သွားတာ အမြဲ
တွေ့တယ်.... အမှန်ကို မပြောရင်... ဆန်ပြုတ်လဲ မသောက်ဘူး ဆေးလဲ မသောက်
ဘူး ''

"ခက်လိုက်တာ.သခင်လေးရယ်.... ကျွန်တော့်ကို.သခင်ကြီးနဲ့ Dr ကျိုးချန် သတ်လိမ့်
မယ်..''

"ကောင်းပြီလေ.... ကျွန်တော် ဘာဖြစ်တယ်ဆိုတာ.မသိရရင်... ဘာဆေးမှလဲ မထိုး
နဲ့... ဆန်ပြုတ်လဲ မသောက်ဘူး.. ဆေးလဲ မသောက်ဘူး ''

Dr ဝမ်နင်... စိတ်တွေညစ်ပြီး ခေါင်းကို တဖျင်းဖျင်းကုတ်ကာ သက်ပြင်းအခါခါချ
နေသည်... ဘာကိစ္စဖြစ်လို့... အားလုံးက လျှို့ဝှက်ထားချင်ရတာလဲ

"ဝမ်နင်ကော...''

သူ.... အော်ပစ်လိုက်သဖြင့် လန့်ဖြတ်ကာ မော့ကြည့်ပြီး

"ကျွန်တော်ပြောတယ်လို့ သခင်ကြီးကို ပြန်မပြောပါနဲ့နော်... ''

မှားယွင်းခဲ့သည့် ချစ်ခြင်း Where stories live. Discover now