Part 3

9.8K 799 2
                                    

မှားယွင်းခဲ့သော ချစ်ခြင်း (uni/zg)
Part 3

အပြင်မှ ရှုးဖိနပ်သံ တစ်ဂွက်ဂွက် ထွက်လာသဖြင့် ကြက်သီးတွေထလာကာ..
မတ်တပ်ထရပ်လိုက်ပြီး တစ်ကိုယ်လုံး တောင့်တင်းသွားတော့သည်...
ဒါ နတ်ဆိုးရဲ့ ခြေသံဆိုတာ.. သူ.. သေချာပေါက် သိပြီးလားမဟုတ်လား...

တံခါးကို ဝုန်းခနဲ ဆောင့်ဖွင့်ပြီး ဝင်လာတဲ့ နတ်ဆိုးကြီးကို ကြက်သေသေကာ
ကြည့်နေမိသည်...ရေခဲပြင်လို အေးခဲနေတဲ့မျက်နှာ ကျားသစ်တစ်ကောင်လို
စူးရဲနေတဲ့ မျက်ဝန်း ဖြူစွတ်နေတဲ့အသားအရေ... ဂုတ်​ကျော်ကျော်ဆံပင်ရှည်

သူ... ကျင့်သားမရစွာပဲ.. တုန်လှုပ်ကာ ကြောက်ရွံလာမိသည်... မြင်လိုက်တိုင်း
အသက်ရှုရပ်လောက်အောင် ကြောက်ရွံနေတုန်းပဲ.....

ချောမောခန့်ညားလွန်းတဲ့ရုပ်ရည်နှင့် သွေးပျက်ဖွယ် အကျင့်စရိုက်တို့ကို သိနှင့်
ပြီးသားဖြစ်နေလို့ ယခင်စတွေ့ဖူးတဲ့အချိန်တုန်းကထက် ပိုကြောက်နေမိတာ
ဖြစ်သည်..

"ရှောင်းကျန့် ''

အေးစက် မာကျောနေတဲ့ နတ်ဆိုးရဲ့ အသံ

"ဟုတ်... ဟုတ်ကဲ့... ''

အမလေး... အရင်တုန်းက ငါ..ဒီနေ့မှာ သူ့ကို ဒေါသတွေ မီးကုန်ယမ်းကုန်ထွက်ပြီး
ပြေး ထိုးခဲ့သေးတာ..

ဆက်မပြောဘဲ.. သူ့ကို စူးစူးရဲရဲကြည့်နေတဲ့.. ရှေ့ကလူကြီးကြောင့် ကိုယ်ခန္ဓာ
တစ်ခုလုံးပင် ကျုံ့ဝင်တော့မတတ် ကြောက်နေမိသည်... အရင်ဘဝတုန်းက ဒီလို
နေ့မှာ အကြီးအကျယ်ပြသနာတက်ပြီး သူ နှိပ်စက်ခံခဲ့ရကာ တစ်လလောက် အခန်း
ထဲပိတ်ခံခဲ့ရတာ မဟုတ်လား

ထို တစ်လလုံး...ဝမ်ရိပေါ် လုံးဝ ရောက်မလာခဲ့ပါ..
မဖြစ်ဘူး.. ငါ.. အခန်းထဲ အပိတ်မခံချင်ဘူး...

သူ့ကို ကြည့်ရင်း ဆိုဖာပေါ်မှာ ခြေချိတ်ထိုင်လိုက်တဲ့ ဝမ်ရိပေါ်မျက်နှာကို မဝံ့မရဲ
မော့ ကြည့်လိုက်သည်...

"မင်း... ရည်းစားဟောင်းကို အဲ့လောက်ထိချစ်လား.. သူတောင် တခြားယောကျာ်း
နဲ့စေ့စပ်လိုက်ပြီပဲ.. မင်း လက်လျော့သင့်ပြီမဟုတ်လား ''

မှားယွင်းခဲ့သည့် ချစ်ခြင်း Where stories live. Discover now