Part 10

7.8K 668 1
                                    

မှားယွင်းခဲ့သော ချစ်ခြင်း
Part 10

ဒီနေ့ တစ်နေကုန် အကောင်ငယ်လေးတွေရဲ့ နေရာကို အိမ်တော်နှင့် ခပ်ဝေးဝေးတွင်
ဆောက်ပေးကြသည်

ယုန် ကြောင် ခွေး အစုံပဲ.... သခင်က လာမကြည့်ပေမယ့် ကျွန်တော့် စိတ်ကြိုက်
ဆောက်ခွင့်ပေးထားသည်..

ဒီနေ့ ကျွန်တော့် ဘဝမှာ အပျော်ဆုံး.နေ့တစ်နေ့ပေါ့
အရင်က ဒီလို အများကြီး မွေးချင်ပေမယ့် ပါးနှင့်မားကအကောင်တွေက နံတယ်ဆိုပြီး
ခွင့်မပြုခဲ့တာလေ

ညနေစောင်းမှသာ ရေမိုးချိုးပြီး .... သခင့်ပြန်အလာကို ခြံထဲကဒန်းလေးပေါ်ကနေ
စောင့်နေမိသည်...

ကားတစ်စီး ဝင်လာသဖြင့် ကြည့်လိုက်တော့ ဝမ်ချောင်ရဲ့ကား

"ဟွန်း... ဘယ်လိုတွေ လာပြီး မြောက်ပေးဉီးမလဲ မသိဘူး ''

သူ... ကြည့်နေစဥ်မှာပင် ဝမ်ချောင် သူ့ဆီ လျှောက်လာသည်..

"ရှောင်းကျန့်.... အဆင်ပြေလား ''

"အင်း.. ဒီလိုပါပဲ ''

ဝမ်ချောင်ရဲ့.... အခုပုံနဲ့စကားကို အရင်က မြင်ဖူး ကြားဖူး သလိုပဲ... ဒါမျိုး အရင်က
သူ.. ကြုံခဲ့ဖူးတာသေချာသဖြင့်... ဒီနေ့ရက်မှာ ဘာဖြစ်ခဲ့သလဲ အသည်းအသန်
စဥ်းစားနေရသည်

"ငါ့ကို ချင်းချင်းလွှတ်လိုက်တာ... သူ... ဒီည... သူ့သူငယ်ချင်း စူးစူး အိမ်မှာ အိပ်
မှာတဲ့.. အဲ့တာ မင်းကို လာတွေ့ စေချင်တာ.. ဖြစ်နိုင်ရင် တစ်ခါတည်း ခိုးပြေးလိုက်
ရှောင်းကျန့် ..

အခွင့်ရေးဆိုတာ ရတုန်း ယူရတယ်... မနက်​ဖြန် စူးစူး မင်္ဂလာဆောင်မို့လို့ သူ
ထွက်လို့ရတာ ''

ဝမ်ချောင့် စကားကြောင့် သူ... ပြန်မှတ်မိသွားသည်

အရင်ဘဝက... သခင်ကြီး မရှိချိန်မှာ ဝမ်ချောင်ရောက်လာပြီး အခန်းထဲ ပိတ်ခံ
ထားရတဲ့ သူ့ကို... သော့ပိုဖြင့် ဖွင့်ပေးကာ... ထွက်ပြေးနိုင်အောင် ကူညီပေးခဲ့
တာပဲ....

သူ့ကို ကားနှင့် မြို့ထဲထိရောက်အောင် လိုက်ပို့ခဲ့ပြီးမှ ဝမ်ချောင် ပြန်သွားခဲ့တာ
ဒါနဲ့ နေပါဉီး.... ဝမ်ချောင်က သခင်ကြီးရဲ့ ညီဝမ်းကွဲမို့ သခင့်ကို ကြိုက်လို့ သူ
ထွက်သွားအောင် လုပ်ခဲ့တာ မဟုတ်ရင် ဘာကြောင့်လဲ

မှားယွင်းခဲ့သည့် ချစ်ခြင်း Where stories live. Discover now