Part 12

7.9K 679 1
                                    

မှားယွင်းခဲ့သော ချစ်ခြင်း
Part 12

ကျွန်တော်... ဒီနေ့ တစ်ရက်တည်းနဲ့ သခင့်အပေါ် ထားတဲ့ သဘောထားတွေ အကုန်
ပြောင်းသွားခဲ့ပါပြီ...

ဝမ်ချောင်ကား black box ထဲက ဝမ်ချောင်းနှင့် သူ့ပါး ပြောသည့် စကားတွေကို
နားထောင်လိုက်ရခြင်းက ဝမ်ချောင် ဘာကြောင့် ကျွန်တော့်ကို ထွက်သွားစေချင်
မှန်း.သိခဲ့ရသည်

ကျွန်တော် ရှိနေလို့ သခင်က သူ့ဉီးလေးနှင့် တွဲလုပ်နေတဲ့အလုပ်ကို ရပ်နားချင်နေ
တော့ ကျွန်တော်က သူတို့အတွက် ဆူးညောင့်ခလုတ် ဖြစ်နေသည် မဟုတ်လား

ချင်းချင်းနှင့် လုပိုင်ကော ကတော့ ဘာကြောင့် ကျွန်တော့်ကို ပျောက်ကွယ်စေချင်
မှန်း.မသိသေး....

ချင်းချင်းဆိုတာ.ကျွန်တော့်ရဲ့ ငယ်ချစ်ဉီးဖြစ်ခဲ့သလို ကျွန်တော်ကလည်း ချင်းချင်းရဲ့
ချစ်ဉီးသူပါပဲ...သူ... ကျွန်တော့်ကို အရမ်းချစ်ခဲ့ဖူးတာကို ပြန်တွေးမိတိုင်း ချင်းချင်း
သစ္စာဖောက်တာကို မယုံကြည်နိုင်သေးပါ

သူတို့နှစ်ဉီး.အကြောင်း ကျွန်တော် သိချင်ပါသေးသည်

ခုတော့...သခင် နှိပ်စက်ထားသည့် အိမ်တော်က အလုပ်သမားတွေကို ဆေးထည့်ပေး
နေသည့် ဝမ်နင်ကောကို ကူညီပေးနေရသည်

သခင်ကတော့... နည်းနည်းတောင် လှည့်ကြည့်မသွားဘဲ အပေါ်ထပ်သို့ တက်သွား
ခဲ့ပြီ...

အရင်က အိမ်တော်ထဲက အိမ်ထိန်းအပါအဝင် ဘယ်အလုပ်သမား ဘယ်ကိုယ်ရံတော်
နှင့်မှ ကျွန်တော်မရင်းနီးခဲ့ပါ ....သူတို့ကို ကြည့်တောင် ကြည့်မိခဲ့ရဲ့လားတောင် မသိ

ခုတော့ အားလုံးကို ရင်းနှီးနွေးထွေးစွာ ဆက်ဆံဖြစ်သည်... သခင်ကြီးရဲ့ အလုပ်သမား
တွေ ဖြစ်ရတာ တော်တော် မစားသာကြတာပဲ

သူ ခုလိုတွေ လုပ်ကူပေးနေတော့ Dr ဝမ်နင် အရမ်းအံ့သြနေသလို... အိမ်ထိန်းနှင့်
လုံခြုံရေးသမားတွေကလည်း အံ့သြနေကြသည်..

"သခင်လေး အရမ်းပြောင်းလဲသွားတာပဲ... စိတ်ဓာတ်ပြောင်းသွားသလို ... ရုပ်လေး
ကလဲ အရမ်းလှလာတယ်.. ''

မှားယွင်းခဲ့သည့် ချစ်ခြင်း Where stories live. Discover now