Part 11

7.7K 721 4
                                    

မှားယွင်းခဲ့သော ချစ်ခြင်း
Part 11

စားပွဲပေါ် ပစ်ချထားသည့် ဖုန်း မည်လာသဖြင့် ကောက်ကိုင်လိုက်တော့ ရှောင်းကျန့်
ကို ပြန်ဖမ်းခေါ်လာရန် လွှတ်လိုက်သည့် ကိုယ်ရံတော် ခေါင်းဆောင်

"ဘာ.... ရှောင်းကျန့်ကို ရှာမတွေ့ဘူး ဟုတ်လား... မြို့ပြင်အနှံ့ရှာပြီးပြီးလား...နေဦး
သူ... ငှားသွားတဲ့ ကားနံပါတ်ကို ပို့ပေးလိုက်မယ်.. အငှားကား ဝန်ဆောင်မှုမှာ
ကားသမားဖုန်းကို သွားစုံစမ်းပြီး... ညတွင်းချင်း ရအောင် ရှာလာခဲ့... ရှောင်းကျန့်
ပြန်ပါမလာရင် မင်းတို့ ခေါင်းနဲ့ကိုယ် အိုးစားကွဲပြီမှတ် ''

ဒေါသတွေက ထိန်းမနိုင်သိမ်းမရ ထွက်ပြီးရှေ့က မှန်စားပွဲကို ဆွဲလှန်ပစ်လိုက်သည်

ရှေ့မှာ ဒူးထောက်.ထိုင်နေကျတဲ့ အိမ်ထိန်းနှင့် လုံခြုံရေးတွေမှာ သွေးတစ်စက်စက်
ကျနေရင်းပင် မျက်လုံးတွေက ကြောက်ရွံ့တုန်လှုပ်နေကြသည်

ရှောင်းကျန့် ဒီနေ့ ပြန်ရောက်မလာပါက သူတို့ပါ အသက်နဲ့ကိုယ် အိုးစားကွဲရတော့
မှာ မဟုတ်လား

သူ့... ဘေးတစ်ဖက် တစ်ချက်မှာ ရပ်နေကြတဲ့ အနီးကပ် ကိုယ်ရံတော် ဘယ်လက်ရုံး
ညာလက်ရုံးတို့ နှစ်ဉီးမှာလဲ စိုးရွံ့ ထိတ်လန့်ခြင်းနှင့်အတူ ရှေ့မှာ.ဒူးထောက်ထိုင်နေ
ကြသူတွေကို မကျေမချမ်းနှင့် စိုက်ကြည့်နေကြသည်

"မာကျောက်နဲ့ ဆွေ့ချမ်း.... ဝမ်ချောင်ကို သွားခေါ်လာခဲ့ ''

"ဟုတ်ကဲ့... သခင်ကြီး ''

ကိုယ်ရံတော်နှစ်ယောက် အပြေးအလွှား ထွက်သွားကြသည်...
သခင်ကြီးဟာ အေးစက်မာကျောသလောက် ဒေါသထွက်မိသွားရင် ကြောက်စရာ
ကောင်းလွန်းတာ သူတို့အသိဆုံးပါ

သူတို့အားလုံး ရှောင်းကျန့်ကို သဘောမကျကြ... ရှောင်းကျန့်ထွက်ပြေးတိုင်း သူတို့
အနှိပ်စက် ခံကြရသည် မဟုတ်လား

ခုလဲ ရှေ့က ဆွဲလှန်ထားသည့် မှန်စားပွဲကို ဒေါသတကြီး ရိုက်ခွဲနေပြန်သည်..
သခင်ကြီး ဒေါသထွက်လျှင် မည်သူမှ ဝင်မဟန့်ရဲကြပါ... ဝင်ဟန့်တားတဲ့သူပါ ကွဲပြဲ
အောင် လုပ်တတ်တဲ့ သခင်ကြီးကို အသံတိတ်သာ ကြည့်နေကြရသည်

မှားယွင်းခဲ့သည့် ချစ်ခြင်း Where stories live. Discover now