Part 4

9.5K 772 6
                                    

မှားယွင်းခဲ့သော ​ချစ်ခြင်း
Part 4

ကံကြမ္မာဆိုးများ ဆက်တိုက်စတင်ခဲ့သည့် နေ့ရက်များကို ​ပြောင်းလဲပစ်
နိုင်ဖို့အတွက် ဘာမဆို သူလုပ်မည်ဖြစ်သည်

မသေခင်တုန်းကလို အမှားမျိုး သူ..ထပ်မလုပ်သင့်ဘူး မဟုတ်လား...
အရင်ဘဝက သူ့ဘဝဟာ ဝမ်ရိပေါ်လက်ထဲ ရောက်တည်းက အဆိုးဝါးဆုံး
ကံကြမ္မာများသာ ရောက်ရှိလာပြီး ကံဆိုးမိုးမှောင် ကျခဲ့ရတာ

သူ့ရဲ့ ခေါင်းမာမှုနဲ့ တုံးအ မှုတွေကြောင့် ဆိုတာ ပြောစရာပင်မလို... သူ...
တုံးအလွန်းတဲ့ အတွက်သာ ချင်းချင်းနဲ့ ပြန်လည်နီးစပ်ရဖို့ သူ့ဘဝကို
ဇောက်ထိုးမိုးမြော် ဖြစ်ခဲ့ရတာ

အခု ...အသစ်ပြန်ရတဲ့ဘဝမှာတော့... ဒီလိုအဖြစ်ခံလို့မရဘူး... ခု ရောက်နေ
တဲ့ကာလမှာ သူ့မိဘ စည်းစိမ်ဥစ္စာတွေအားလုံး ဆုံးရှုံးပြီးဖြစ်ပေမယ့် သူတို့
မသေသေးဘူး ...

ဒါပေမယ့် ယောကျာ်းတစ်ယောက်နဲ့ လက်ထပ်ဖို့ အကြွေးနဲ့ထိုးကျွေးခံလိုက်ရ
သဖြင့် ပါးနှင့်မားကို စိတ်နာကာ လုံးဝအတွေ့မခံ အဆက်သွယ်မလုပ်ပဲ နေခဲ့တာ
တွက်ကြည့်ရင် ၆လခန့်ရှိ နေပြီ...

မျက်ရည်စမ်းစမ်းနဲ့ သူ့ကို သနားနေတဲ့ မား... ခွင့်လွှတ်ပေးဖို့ တောင်းပန်နေ
ခဲ့တဲ့ ပါးတို့ကို သေတဲ့အထိ မပတ်သက်တော့ဖို့ ရင့်ရင့်သီးသီး ပြောခဲ့တာ..
နောက်ဆုံး ကားအက်စီးဒင့်ကြောင့် သေဆုံးသည်အထိ သူ မဆက်သွယ်ခဲ့

ဆုံးရှုံးဖူးမှသာ တန်ဖိုးကို သိလာရတာ ... သူ.. သေဆုံးခဲ့ချိန်မှာ အသက် ၂ဝနှစ်
ရှိခဲ့ပြီမို့.. ခုလို အသက် ၁၇နှစ်အရွယ်.. အတွေးခေါင်ပြီး အချစ်အတွက် ရူးမိုက်
ခဲ့ချိန်ကို ပြန်ပြုပြင်သင့်တယ် မဟုတ်လား

ပြီးတော့ ချင်းယွဲ့ဟာ သူထင်သလို သူ့ကို လွမ်းဆွတ်တမ်းတရင်း စောင့်နေမယ့်
သူမျိုးမဟုတ်ဘဲ သူ့ကိုတောင် သေစေချင်နေခဲ့သူဆိုတာ ....သိခဲ့ရပြီးနောက်
ဝမ်ရိပေါ်သူ့ကို မုန်းတီး စိတ်ကုန်စေဖို့ လုပ်နေဖို့ထက် ပါးနဲ့မား မသေရအောင်
အစွမ်းကုန် လုပ်သင့်တယ်မဟုတ်လား

ပါးတို့ အက်စီးဒင့်ဖြစ်တာက 2018 မှာဆိုတော့.. အချိန်ရသေးတယ်..
သူတို့ မိသားစုဘဝကို အောက်ဆုံးထိဆွဲချခဲ့တဲ့သူကို ရှာရဉီးမည်. ပါး ..ထောင်
မကျအောင်ဝမ်ရိပေါ်ဆီက ငွေ ချေးငှားခဲ့ရလို့ မဆပ်နိုင်တော့တဲ့ ငွေတွေအစား
အသိမ်းပိုက်ခံခဲ့ရတာ မဟုတ်လား

မှားယွင်းခဲ့သည့် ချစ်ခြင်း Where stories live. Discover now