Part 2

10.6K 817 18
                                    

မှားယွင်းခဲ့သော ​ချစ်ခြင်း (unicode/zawgyi)
Part 2

သူ .. သတိပြန်ဝင်လာပေမယ့် မျက်လုံးကိုမဖွင့်ဘဲ အမှောင်ထုထဲမှာပင် နေနေမိသည်
အခု... သူ .... ဝိဉာဥ်ဖြစ်သွားလေပြီ... ဒီလိုပဲ ဝမ်ရိပေါ်နတ်ဆိုးကောင်လဲ ဝိဉာဥ်ဘဝ
ရောက်နေလေမလား? ??

ပထမဆုံး သူ အမုန်းကြီးမုန်းခဲ့ဖူးသည့်သူကို ပြန်သတိဝင်ဝင်ခြင်း သတိရမိတာတော့
တကယ်ပဲ ရယ်ချင်စရာပဲ မဟုတ်လား?

နတ်ဆိုးကောင်ကို သွားရှာသင့်လား???

အရင်က သေမလောက်ကြောက်ခဲ့ဖူးသည့် နတ်ဆိုးကောင်ဟာ အခုတော့ သူ့လိုပဲ ဝိဉာဥ်
ဖြစ်နေလောက်ပြီဆိုတော့ သူမသာ ကိုယ်မသာ ဖြစ်နေလောက်ပြီမို့ သွားရှာဖို့ ဆုံးဖြတ်
လိုက်ပြီး.. မျက်လုံးဖွင့်ကာ လဲနေရာမှ ထလိုက်သည်...

"ဟမ်... ဒါ.. ဘယ်နေရာကြီးလဲ... ဒါ...ဒါ.... နတ်ဆိုးကောင် အိမ်က ငါ့အခန်းထဲ ပြန်
ရောက်နေတာပဲ... အတော်ပဲ.. ငါလဲ.. ဒီကို ပြန်လာကြည့်မလို့ဆိုတော့ ''

သူ... ပိတ်ထားသည့် တံခါးကို ဖွင့်မနေဘဲ... ဖြတ်လိုက်သည်.. သူက ဝိညဉ်ဆိုတော့
နံရံတွေကို ဖောက်ဝင်နိုင်တယ်လေ...

"ဒုန်း... ''

"အား.. သေပါပြီ.... ဟမ် ... ဒီ... ဒီအခန်းက ဝိညဥ်တွေကိုပါ ပိတ်လို့ရတာလား..
သေစမ်း... ငါ ဝိညဥ်ဘဝနဲ့ သတိလစ်နေတုန်းက နတ်ဆိုးကောင် ငါ့ကို လာခေါ်သွား
တာနေမယ်.. သြော် ..ဒီကောင်က ငါသေလို့ လိုက်သေတာကို ငါ့ကို တကယ်ချစ်လို့
လိုက်သေတယ် ထင်နေတာ.. တကယ်တော့.. ငါ့ဝိဉာဥ်ကို.. ပြန်ဖမ်းဖို့ လိုက်သေခဲ့
တာပဲ..တော်တော် အကြံကြီးတဲ့ အကောင် ''

သူ... ကြိတ်မနိုင် ခဲမရ ဒေါသထွက်လေပြီ...

ဟုတ်တယ်လေ... လူဘဝတုန်းက ပိတ်လှောင်ထားရတာ အားမရလို့ ဝိညဉ်ဘဝထိ လိုက်
ဖမ်းခဲ့တဲ့ကောင်...

"တောက်... ဝမ်ရိပေါ်ကောင်.. မင်းကို ဒါကြောင့် လူတွေက နတ်ဆိုးလို့ ခေါ်ကြတာ...''

ဒေါသထွက်ထွက်နဲ့... အခန်းတံခါးကို ဆောင့်ကန်ပြီး မွေ့ယာပေါ် အားကုန်ပစ်လှဲပစ်
လိုက်သည်...

"အားးးးး..ဝမ်ရိပေါ်... နတ်ဆိုးကောင်... ငါ့ကိုလွှတ်ပေးးးးး ''

မှားယွင်းခဲ့သည့် ချစ်ခြင်း Where stories live. Discover now