Part 18

8.4K 588 8
                                    

မှားယွင်းခဲ့သည့် ချစ်ခြင်း
Part 18

ခန္ဓာကိုယ်က နာကျင်မှုက ရင်ထဲက နာကျင်မှုကို မမီနိုင်ပါ...

ကျွန်တော့်ကြောင့် သတ်ခံလိုက်ရတဲ့သူတွေရဲ့ သွေးသံရဲရဲအလောင်းတွေနဲ့အတူ...
ဟောခန်းကြီးထဲမှာ သော့ခတ် ပိတ်လှောင်ခြင်းခံခဲ့ရသဖြင့် အော်ဟစ်ငိုယိုရင်း..နတ်
ဆိုးကောင်ကြီးကို ကျိန်ဆဲနေမိသည်

သူ့ ...ခြေထောက်ပေါ် .... မှောက်လျက်ပိကျနေသည့် အဖြူရောင် လောင်းကုတ်
ရှည်နှင့်လူကို တွန်းဖယ်လိုက်စဥ် ... မျက်နှာတစ်ခုလုံး ဓားနှင့်မွမ်းခံထားတာကို
တွေ့လိုက်ရသည်...

ကျွန်တော်နဲ့ ပတ်သက်ပြီး.ဘာအပြစ်လုပ်ခဲ့၍ များ.မျက်နှာကို.ဓားနှင့် မွှန်းခံခဲ့ရ
သည်မသိ.... ကြည့်မကောင်းသဖြင့်... ထိုလူဝတ်ထားသည့် လောင်းကုတ်ကို ခက်
ခဲစွာ ချွတ်ပြီး.... မျက်နှာကို အုပ်ပေးလိုက်သည်...

နှလုံးနေရာကို ဓားနဲ့ ထိုးသတ်ထားတာပဲ.... လက်မောင်းမှာ ... အလှထိုးထားသည့်
ဇာမဏီငှက်ပုံ တက်တူးကို.သတိထားမိလိုက်သည်

ဟောခန်းတစ်ခုလုံး ပြန့်ကျဲနေသည့် အလောင်းများကို ခက်ခက်ခဲခဲဆွဲယူကာ တန်း
စီထားလိုက်သည်.... သူတို့က ကျွန်တော့်ကြောင့် အသတ်ခံခဲ့ရသူတွေ မဟုတ်လား

နတ်ဆိုးကောင်က... ကျွန်တော့်ကို ထွက်ပြေးရန် ကူညီသူဖြစ်ဖြစ်.. လုံခြုံရေးကို
ပေါ့လျော့ခဲ့ကြသူတွေဖြစ်ဖြစ်.. ကျွန်တော်.. သူ့ထက် ပိုပြီး.တွယ်တာမိသူကိုပဲ
ဖြစ်ဖြစ် ကျွန်တော့်ရှေ့တွင် သတ်ဖြတ်ပြတတ်သည်

သူ့လက်သုံးစကားက...
"မင်းကြောင့် သူတို့သေရတာ '' ဆိုတဲ့စကားပဲ
ကျွန်တော် သူ့ကို... အရမ်းမုန်းသည်... ခွင့်မလွှတ်နိုင်လောက်အောင် မုန်းသည်

ကျွန်တော့် အဖေ အမေ ကို သေစေခဲ့သူ .. ကျွန်တော့် ဉီးလေးကို ကျားစာကျွေးခဲ့
သူ .. ကျွန်တော့်ချစ်သူနှင့် ကွေကွင်းစေသူ.. ယောကျာ်းတစ်ယောက်ဖြစ်တဲ့ ကျွန်
တော့်ကို ရိုင်းစိုင်းရက်စက်စွာ ဖျက်ဆီးခဲ့တဲ့သူ

ကျွန်တော့် ခန္ခာကိုယ်ကလဲ သူ အကြိမ်ကြိမ် စော်ကားခဲ့တဲ့အတွက်.. ပုံမှန်လူတွေ
လို မဟုတ်တော့ဘဲ အမြဲမကျန်းမမာဖြစ်နေခဲ့ရပြီ...

မှားယွင်းခဲ့သည့် ချစ်ခြင်း Where stories live. Discover now