Part 9

7.8K 701 1
                                    

မှားယွင်းခဲ့သော ချစ်ခြင်း
Part 9

ပါးနှင့်မား ငှားနေကြသည့် အိမ်လေးရှေ့ကို ကားရပ်လိုက်တော့ ရင်ထဲက ဝမ်းနည်း
မှုက တားဆီးလို့မရ... အိမ်ငှားနေတယ်သာ သိထားတာ ...ခုတော့ ခေါက်ဆွဲဆိုင်
လေးဖွင့်ထားတာပဲ ..

သူ.... သိတတ်တည်းက ခြံဝင်းကျယ်ကြီးနှင့် အချွေရံသင်းပင်းနှင့် ပြည့်စုံစွာနေခဲ့
ကြရတဲ့ ရှောင်မိသားစုဟာ အခုတော့ အိမ်ခပ်သေးသေးမှာ....ငှားရမ်းနေရတဲ့ဘဝ
မှာတောင် ခေါက်ဆွဲဆိုင်မှာပင် နေကြသည့်ပုံ..

ကျွန်တော်ဟာ တကယ်တော့ ဝမ်းနည်းလွယ်သူ ခံစားလွယ်သူ တစ်ယောက်ပါ...
ခေါင်းမာတတ်တဲ့ အကျင့်ကြောင့် အရင်ဘဝက...ပါးနှင့်မား.. ဘယ်လိုနေထိုင်
တယ်ဆိုတာတောင် မသိခဲ့

မျက်ဝန်းထဲက ထွက်ကျလုလု မျက်ရည်တွေကို မသိမသာ သုတ်လိုက်သည်...
သခင်.. ကျွန်တော့်ကို ကြည့်နေတာ သတိထားမိသဖြင့် ဝမ်းနည်းသွားမိတာကို
မသိစေချင်ပါ

သခင့် ကိုယ်ရံတော်တွေက ကားတံခါးကို လာဖွင့်ပေးသဖြင့် ကားပေါ်မှ ဆင်း
လိုက်ပြီး... ဆိုင်ထဲဝင်ရန် တွန့်ဆုတ်နေသည့် ကျွန်တော့်လက်ကို သခင်က ဆုပ်
ကိုင်လိုက်ပြီး

"ဝင်ချင်လား... ပြန်လှည့်ချင်လား ကလေး ''

သခင်က မတွေ့ချင်လို့ တုန့်ဆုတ်နေတယ် ထင်တာလားမသိ... သခင့်မျက်နှာကို
မော့ကြည့်လိုက်တော့

"မျက်လုံးတွေ ရဲနေပါလား.... ဝမ်းနည်းနေတာလား ကလေး... ''

သခင့်အမေးကြောင့် ပိုပြီး.ဝမ်းနည်းလာပြန်သည်.. ကျလုလု မျက်ရည်တွေကို
သခင့်က သုတ်ပေးပြီး သူ့လက်ကို တင်းတင်းဆုပ်ကိုင်ကာ... ဆိုင်ထဲဝင်လာခဲ့ကြ
သည်...

"ပါး..... မား.... ''

ခေါက်ဆွဲပြင်နေသည့် မား
သူ့ကို မြင်တော့ မယုံမရဲနှင့် အရမ်းအံ့သြနေပြီးမှ ပြေးလာကာ.ဖက်သည်...

"သား... သားလေး.... မားတို့ကို လာတွေ့တယ်... မားတို့ကို မမုန်းတော့ဘူးပေါ့နော်''

အရမ်းပိန်သွားတဲ့ မားကို ပွေ့ဖက်ကာ ငိုမိတော့သည်... မားကိုယ်လေး တသိမ့်သိမ့်
တုန်နေသဖြင့် ငိုနေကြောင်း သိသာသည်

မှားယွင်းခဲ့သည့် ချစ်ခြင်း Where stories live. Discover now