Part 7

8.1K 841 2
                                    

မှားယွင်းခဲ့သော ချစ်ခြင်း
Part 7

ယူနန်ကို သခင်ကြီး.အလုပ်ကိစ္စနှင့် သွားသဖြင့် ဝမ်ချောင်က အိမ်က ထွက်ပြေးရန်
ဆွယ်တော့ ....သူ .... အကြောင်းပြချက် မျိုးစုံပေးပြီး... ရှောင်နေခဲ့သည်

ထွက်ပြေးပြီးတော့ ဘာလုပ်ရမလဲ....
သူ ထွက်ပြေးရင် ပါးနဲ့မား အကြွေးတွေ ဘယ်လို ပြန်ဆပ်မလဲ ....အခု သူတို့ ချို့တဲ့
နေရင်တောင် အကြွေးတော့ ကင်းနေသေးတယ်

"သြော်... ငါ.. ဘာလို့များ အရင်က ဒီအတွေးမျိုး မတွေးခဲ့ရတာပါလိမ့်... ပါးနဲ့မား
ကို တွေ့ချင်လိုက်တာ.... ဒီတစ်ပတ်ပိတ်ရက် သွားတွေ့ ခွင့်ပေးဖို့... သခင်ကြီး ပြန်
လာရင် အပူကပ်ရမယ်.. ''

ကျောင်းပြန်တက်ခွင့် ရခဲ့ပေမယ့် တခြား ဘယ်နေရာကိုမှ သွားခွင့်မပေးခဲ့သဖြင့်
ကျောင်းပိတ်ရက်ဆိုရင် ခြံထဲမှာသာ နေရသည်...

ဖုန်းလဲ ပေးမကိုင်သဖြင့် ဘယ်သူနှင့်မှ ဆက်သွယ်လို့လဲ မရ..... သူ.. နှစ်ကြိမ်တောင်
ထွက်ပြေးခဲ့တာမို့.. ဒီအခွင့်ရေးတွေ ဆုံးရှုံးခဲ့ရတာ

​ခြံဝင်းထဲက မြက်ခင်းပြင်မှာ.လှူးလိမ့်ရင်း...
သူ့အခွင့်ရေးတွေ ပြန်ရဖို့ အကြံထုတ်နေမိသည်...

ဒီ.. ညနေ သခင်ကြီး.. ပြန်ရောက်မှာလေ...
ဒီတော့.... ဘယ်လို ကပ်ချွဲရမလဲ.. ကြံစည်နေသင့်တဲ့ အချိန်ရောက်နေပြီ

"တစ်ခုချင်း...တစ်ခုချင်း.... အခွင့်ရေးတောင်းပြီး.... ငါ.. လိုချင်တဲ့ အနေအထား
ရောက်တဲ့အထိ လုပ်ရမယ်... ချက်ချင်းကြီး အကုန် ပြန်လိုချင်လို့တော့ မရဘူးပေါ့

အင်း... ပုံမှန်ထက် အသက် ၃ နှစ်ကြီးခဲ့ဖူးတော့ စဥ်းစားဆင်ခြင်နိုင်ပြီ. အယ်လယ်
ငါလေး...အရင်ကလို ငတုံးမဟုတ်တော့ဘူးပဲ ''

"သခင်လေး.. ဘာလို့ မြက်ခင်းပေါ် ...အိပ် ...''

"အာ.. လန့်လိုက်တာ.. ရန်ဉီးလေးရာ... ''

"မျက်လုံးကြီး မှိတ်ပြီး... စကားပြောနေတာကိုး... သခင်လေးက.. အောက်မှာမအိပ်နဲ့
လေ.. တော်ကြာနေ သခင်ကြီး ပြန်ရောက်လို့ မြင်သွားမှဖြင့်.. ''

"ဟွန်း... လွန်လွန်းတယ်... သူ့ကိုယ်နဲ့ အိပ်တာကျလို့.. နေရာတကာ ချုပ်ချယ်တယ်
အာ့ကြောင့် ကြည့်မရတာ''

မှားယွင်းခဲ့သည့် ချစ်ခြင်း Where stories live. Discover now