part 22

7.2K 553 2
                                    

မှားယွင်းခဲ့သည့် ချစ်ခြင်း
Part 22

စီစဥ်ရမယ့် အချိန်က သိပ်မကျန်တော့ပါ..
ဒီကိစ္စကို တားဆီးနိုင်ဖို့ဆိုရင်... ကျွန်တော် တစ်ယောက်တည်းနဲ့ မဖြစ်နိုင်ဘူး

ပြီးတော့.. ချင်းချင်းနှင့် လုပိုင်ကောတို့နှင့်ပတ်သက်ပြီး.. ကျွန်တော် နားမလည်
နိုင်သည့် အရာတချို့ကိုလဲ ဖော်ထုတ်ရလိမ့်မယ်

ကျောင်းဆင်းချိန်ထိ မစောင့်နိုင်တော့ဘဲ... နောက်ဆုံးအတန်းချိန်ကိုလစ်ကာ ...
သူ...ကျောင်းဆင်းချိန်ကို စောင့်နေသည့်... ကားဆီ အပြေးသွားလိုက်သည်

"သခင်လေး... ကျောင်းမဆင်းသေးဘဲ.... ဘာလို့ ထွက်လာရတာလဲ ''

"လုပ်စရာ ကိစ္စရှိလို့... ဉီးလေး ကျွန်တော့်ကို ××× ဆေးရုံကို လိုက်ပို့ပေးပါ.''

"ဟာ.... သခင်ကြီး ခွင့်ပြုချက်မရဘဲ... လိုက်မပို့ရဲဘူး... သခင်လေး''

"အင်းပါ... သခင့်ကို ဖုန်းခေါ်ပေး... အရေးကြီးလို့... ''

ကိုယ်ရံတော်.တစ်ယောက်က သခင့်အတွင်းရေးမှူးထံ ဖုန်းခေါ်ပေးသည်.. ခုဘဝ
မှာ. ကျွန်တော်ဟာ.. သခင့် ယုံကြည်မှုကို.. အနည်းငယ် ရရှိထားသလို.. ဆက်ဆံ
ရေးကလဲ ကောင်းနေသည် မဟုတ်လား..

အရင်ဘဝကလို.. ရန်သူတစ်ယောက်လို ဆက်ဆံရေးမဟုတ်တော့တာက ကျွန်တော့်
အတွက် တစ်ပန်းသာနေခဲ့သလို... ခုချိန်မှာ... သခင် ကျွန်တော့်အပေါ် လုပ်ခဲ့တဲ့
အမှားကြောင့် အလိုလိုက်ခြင်းကို ခံနေရသည် မဟုတ်လား

"သခင်လေး... ရပြီ... ''

သူ... ဖုန်းကို လှမ်းယူလိုက်ပြီး

"သခင်... ''

"ကလေး.. ကျောင်းဆင်းချိန် မဟုတ်သေးဘဲ.. ဘာလို့လဲ.. တစ်ခုခု ဖြစ်တာလား''

"သခင်.. ကျောင်းဆင်းချိန်ရောက်ရင်... စီရွှမ်း သခင့်ကို ဖုန်းဆက်လိမ့်မယ် ထင်
တယ်... သူ.. ဘာပြောမလဲ.. မသိပေမယ့်.. စီရွှမ်းက သခင်နဲ့ ကျွန်တော့်ကြားကို
သွေးခွဲနေတယ်.. သူက သခင့်ကို လိုချင်နေတော့ ကျွန်တော့်ကို ပ,ထုတ်ချင်နေတာ''

"အင်း.... အဲ့ကိစ္စနဲ့... ကျောင်းစောဆင်းတာက ဘာဆိုင်လို့လဲ''

မှားယွင်းခဲ့သည့် ချစ်ခြင်း Where stories live. Discover now