Part 2(Unicode)

10.1K 840 32
                                    


မနက်ဖြန်ဆိုလျှင် ခမည်းတော်မင်းတရားကြီး နတ်ရွာစံတာ ၇ ရက်ကျော်ပြီမို့ အစ်ကိုတော်အိမ်ရှေ့စံမင်းသားရဲ့ ဘိသိတ်ခံ ထီးနန်အပ်နှင်းပွဲ ကျင်းပတော့မည်ဖြစ်သည် ။ ထို့အတူ အမတော် 'မဟာရတနာ ပဒုမ္မာဒေ၀ီ´ ကိုလည်း မိဖုရားခေါင်ကြီးအဖြစ် တစ်ပါတည်း တင်မြှောက်မည်ဖြစ်၏ ။ ထို့ကြောင့် မင်းသမီး စရီမုဒ္ဒြာ ရဲ့ရင်ဘတ်ထဲမှအပူမီးတောက်များဟာ အပြင်သို့ပင် လျှံထွက်လာလုမတတ်ဖြစ်နေပါတော့သည် ။ ဆန္ဒကိုသိက္ခာဖြင့် ဘယ်လိုမျှမဆယ်နိုင်တော့တဲ့နောက်မှာတော့ မုဒ္ဒြာဒေ၀ီ သည်အကိုတော်အိမ်ရှေ့စံအဆောင်တော်ကို ၀င်ခွင့်ရဖို့ ခွင့်တောင်းလေတော့သည် ။ အကိုတော်အိမ်ရှေ့စံသည်လည်း ကြားသိသိချင်းမှာပဲ သူမကိုအဆောင်တော်တွင်းဝင်၍ ရှေ့တော်မှောက်ခစားစေခဲ့သည် ။

" ညနက်မှ အကိုတော်ရဲ့အဆောင်ကို အဘယ်ကြောင့် အခစားဝင်ရသနည်း နှမတော်မုဒ္ဒြာ .. အရေးကြီးအကြောင်းကိစ္စများ ရှိသလော .. "

" တိုင်းရေးပြည်ရာနဲ့တော့ မပတ်သတ်ပေမဲ့ နှမတော်အတွက်တော့ အခုလျှောက်တင်မည့်အကြောင်းမှာ လွန်စွာမှအရေးပါလှပါတယ် အကိုတော် .. "

" အိမ်း ဆိုစမ်းပါဦးကွဲ့ ... "

" အမတော် ရတနာပဒုမ္မာ ကို အကိုတော့်ရဲ့ ကြင်ရာတော်မိဖုရားခေါင်ကြီးအဖြစ် မမြှောက်တင်လို့ မရပေဘူးလား အကိုတော် ... နန်းတွင်းထဲမှာ အကိုတော်နဲ့ လိုက်ဖက်ညီပြီး အဆင့်အတန်းတူတဲ့ တခြားသော မင်းသမီးတွေ များစွာရှိပါသေးတယ် .. ကျေးဇူးပြုပြီး အမတော်ကို ကြင်ယာတော်အဖြစ် မရွေးခြယ်ပါနဲ့လား ... "

အကိုတော်ထိုင်နေသည့် သလွန်အောက်၌ ဒူးတုတ်ခစား၍ လျှောက်တင်လိုက်သောအခါ အကိုတော် သိင်္ဂစည်သူ သည်အနည်းငယ်အံ့သြသင့်သွားပုံရ၏ ။ အတော်အတန်ကြာသည်အထိ ဘာမျှမိန့်တော်မမူပဲ နှုတ်ဆိတ်လို့နေသည် ။

" အမတော်ပဒုမ္မာ နဲ့အရင်းနှီးဆုံးသောသူက နှမတော်မုဒ္ဒြာ ပေမဲ့ ... အကိုတော်နားမလည်နိုင်တာက ဘာကြောင့်များ နှမတော်က အမတော်ရဲ့ရှေ့ရေးကောင်းမည့်ကိစ္စကို အဘယ်ကြောင့် ပယ်ဖျက်လိုနေရသလဲဆိုတာကိုပင်ဖြစ်တယ် .. ဘာ့ကြောင့် ကြင်ရာတော်အဖြစ် မရွေးခြယ်စေချင်ရသလဲဆိုတာတာကို အကိုတော်ထံ အကြောင်းအရင်းခိုင်မာစွာ တင်ပြစမ်း နှမတော် .. "

နှောင်ကြိုး ၊ နှောင်ကြိုးOnde as histórias ganham vida. Descobre agora