Part 20(Zawgyi)

1.4K 50 1
                                    

ဆောင်းထုရဲ့ ငွေနှင်းမှုန်များဟာ နံနက်ခင်းမိုးသောက်အာရုဏ်ဦးကို ရောင်စဉ်ပက်ဖြန်းထားသလိုမျိုး လှလှပပပုံဖော်လျက်ရှိသည်။ သို့ပေမဲ့ မြင်းစောင်းအတွင်းမှ အမျိုးသမီးတစ်ဦးရဲ့ အာရုဏ်ဦးကတော့ လွန်စွာမှ အကျည်းတန်လွန်းနေသည်။

ယခင်ကနူးညံ့ပျော့ပျောင်းပြီး နှင်းဆီအဖူးအငုံများကဲ့သို့ လှပလွန်းသော သူမ၏နှုတ်ခမ်းဖျားတစ်စုံဟာ ယခုတော့အေးစက်ခြောက်ကပ်နေပြီး ပွင့်ဖတ်ကြွေများကဲ့သို့ အရေခွံများ အလွှာလိုက် ကွာကျ၍ ကွဲအက်နေ၏။ ယခင်က ပန်းနုရောင်ဘက်သမ်းနေတဲ့ သူမရဲ့ပါးမို့မို့လေးတွေဟာလည်း ယခုတော့ ပိန်ကပ်၍ ဖြူပြာပြာ ဖြစ်နေပြီး မျက်ရည်ဥလေးတွေက တွဲလဲခိုနေကြသည်။ ခွန်အားမရှိတော့ပါသော်လည်း သူမရဲ့မျက်ဝန်းတစ်စုံဟာ တစ်စုံတစ်ယောက်ရဲ့ ပြန်အလာကို စောင့်မျှော်နေသည့်အလား မျက်ခွံကို မပိတ်သေးပဲ နောက်ဆုံးမာန်လေးဖြင့် တင်းခံထားလေသည်။ နောက်ပြန်ကြိုး ချည်နှောင်ခံထားရတဲ့ သူမရဲ့လက်ကောက်ဝတ်နားမှ ရရှိထားတဲ့ ဒဏ်ရာဟာလည်း သွေးစတို့က ခြောက်ကပ်လို့နေချေပြီ။

အသိစိတ်အာရုံထဲမှာ သူမနှင့်အတူ သူမမေတ္တာသက်ဝင်ခဲ့သော အမျိုးသမီးငယ်တို့ရဲ့ လှပလွန်းသည့် အတိတ်ကပုံရိပ်တို့က တမြေ့မြေ့နှင့်ပြန်လည်မြင်ယောင်နေသည်။ တစ်ချိန်က တအားနွေးထွေးလွန်းတဲ့ ချစ်ကျွမ်းဝင်ခဲ့ရသူရဲ့ ရင်ငွေ့ကိုလည်း ပြန်တမ်းတနေမိသည်။

နားထဲမှာ လူတစ်ယောက်လျှောက်လာတဲ့ ခြေသံကို ကြားမိတော့ သူမနားစွင့်အာရုံပြုလိုက်မိသည်။ သို့သော် ယခုကြားနေရသော ခြေသံပိုင်ရှင်ဟာ သူမစောင့်မျှော်နေသူမဟုတ်မှန်း ကြိုတင်သိလိုက်ရသည်။ တစ်စုံတစ်ယောက်အပေါ် နက်နက်နဲနဲမေတ္တာသက်ဝင်မိပြီဆိုပါလျှင် ထိုသူ၏အငွေ့အသက်၊ ရနံ့နှင့်အတူ ထိုသူလျှောက်လှမ်းလိုက်တဲ့ ခြေသံလေးတွေအထိကိုပင် နှလုံးသားက ရေးမှတ်ပေးထားနိုင်စွမ်းရှိတယ် မဟုတ်ပေလား။ သူမလည်း ထို့အတူပင်။ သူမမေတ္တာသက်ဝင်မိသူရဲ့ ခြေသံကို မှတ်မိနေပါသည်။ ယခုသူမထံသို့လာနေသည့်သူက တခြားလူတစ်ယောက်ပင် ဖြစ်ပေလိမ့်မည်။ သူမကို မနာလိုပြီး မလိုမုန်းတီးနေသော တခြားတစ်စုံတစ်ယောက် ... ။

နှောင်ကြိုး ၊ နှောင်ကြိုးWhere stories live. Discover now