Final Part(Unicode)

13K 821 114
                                    

မကြာခင်အချိန်က ဘုရင်သတိုး ရဲ့အမိန့်ဖြင့် မင်းသားငယ် ဓမ္မသုတရာဇာသည် နယ်စပ်မှာထကြွနေသော သူပုန်များကို သွားရောက်နှိမ်နင်းနေခဲ့ရသည်။

" နန်းတော်မှာရှိတဲ့ အရှင်မင်းသားရဲ့ ဘွားတော်မယ်မယ်ကြီးဘုရားထံမှ စာလွှာရောက်ရှိလာကြောင်းပါဘုရား "

" ဘွားတော်မယ်မယ်ကြီး ထံမှ .. ဟုတ်လေစွ "

ဘွားတော်ထံမှ စာလွှာရောက်ရှိလာတယ်ဆိုကတည်းက အရေးတကြီး အခြေအနေတစ်ရပ်တော့ ပေါ်ပေါက်လေပြီဟု မင်းသားငယ်သုတ ကြိုတင်ခန့်မှန်းမိလေသည်။ ခြေမြန်တော်မှဆက်သသည့် စာလွှာကို ဖတ်ရှုပြီးတဲ့နောက်မှာတော့ ထူထဲမဲနက်နေသည့်မျက်ခုံးနှစ်ဖက်ကို တွန့်ချိုးလိုက်ရင်း

" မဖြစ်ချေဘူး ... ယခုပဲ ရွှေဘုံသာနန်းတော်ဆီ အလျင်သွားမှဖြစ်ပေတော့မယ် .. "

သုတရာဇာ သည်သူ့ရဲ့တပ်ဖွဲ့ကို ချက်ချင်းအမိန့်ပေးကာ မင်းနေပြည်တော်ရှိရာထံသို့ စီးတော်မြင်းဖြင့် ဒုန်းစိုင်းအမြန်နှင်ချေပြီ။

X X X X X

" စရီ ... "

ငွေနှင်းမှုန်များတဖွဲဖွဲကျဆင်းနေသော တောင်စွန်းထိပ်တွင် ချစ်ရသူရဲ့ ကျောပြင်ကို ပဒုမ္မာ မြင်တွေ့လိုက်ရသဖြင့် အားကုန်သုံး၍ ပြေးသွားမိသည်။ ချပ်ဝတ်တန်ဆာနှင့်အတူ ကျောလည်၌ တလွင့်လွင့်လေပေါ်ပျံဝဲတက်နေသာ ဝတ်ရုံစအနီရောင်ကို ထင်ရှားစွာတွေ့နေရဆဲပင်။ သို့သော် ပဒုမ္မာ ဘယ်လောက်ပင် ကြိုးစား၍ ပြေးသွားပါစေ ချစ်ရသူရှိရာထံသို့ မရောက်နိုင်သေးချေ။ အချိန်ကြာလာလေလေ မောပန်းနွမ်းနယ်လာလေလေ .. ။ ခြေလှမ်းတို့ကို ရှေ့သို့ဆက်မရွှေ့နိုင်တော့ပြီ။ ရုတ်တရက် သူ့ရဲ့လက်ကို အကြမ်းပတမ်း လာဆွဲဆောင့်တာကို ပဒုမ္မာ ခံလိုက်ရတာမို့ ဘေးသို့လှည့်ကြည့်မိလိုက်စဉ် ... ။

" သ .. သတိုး ... "

" အခုဘာတတ်နိုင်သေးလဲ မိဖုရားခေါင်ကြီးရဲ့ ... အစ်မတော်ဟာ ကျုပ်အပိုင်။ အမြဲထာဝရ ကျုပ်အပိုင်ပဲ .. "

" ဟင့်အင်း လွှတ် ... ငါ့ကို လွှတ်စမ်း .. "

ရုတ်တရက် သတိုး ရဲ့ဘေး၌ များပြားလှတဲ့ မြှားစစ်သည်တွေ ပေါ်ထွက်လို့လာသည်။ ထိုစစ်သည်များဟာ တောင်စွန်းထိပ်ဖျား၌ ကျောပေးရပ်နေသော သူချစ်မြတ်နိုးရတဲ့သူထံသို့ မြှားများဖြင့် ပစ်ကြ၏။

နှောင်ကြိုး ၊ နှောင်ကြိုးNơi câu chuyện tồn tại. Hãy khám phá bây giờ