Part 16(Unicode)

5.8K 493 43
                                    

ရတနာပူရမင်းနေပြည်တော်မှာရှိသည့် ရွှေဘုံသာနန်းတော်ကြီးထဲ၌ သတိုးကျော်စွာ ဦးဆောင်တဲ့တပ်ဖွဲ့များဟာ ဘုရင်မစရီမုဒ္ဒြာ မရှိစဉ်အချိန်အတွင်း၌ နန်းတော်ကို ၀င်ရောက်စီးနင်းတိုက်ခိုက်ကာ ပုန်ကန်မှုကို အစပျိုးလေတော့သည်။

ဘုရင်မရဲ့ သစ္စာတော်ခံ တပ်ဖွဲ့ဝင်များဟာ နယ်စပ်သို့ရောက်ရှိနေကြချိန်ဖြစ်တာကြောင့်  ရွှေဘုံသာနန်းတော်ကြီးထဲ၌ စစ်သေနာပတိချုပ်နှင့် သူ၏နန်းစောင့်တပ်ဖွဲ့တစ်ဖွဲ့သာ ကျန်ရှိနေခဲ့သည်။ ဒါကိုအခွင့်ကောင်းယူ၍ သတိုးကျော်စွာ သည်ရှေ့ဆုံးမှဦးဆောင်ပြီး နန်းတော်ကို စစ်ကြောင်းချီခဲ့ခြင်းသာဖြစ်ပေသည်။ နန်းတော်တွင်ကား ဘုရင်မရဲ့ ဦးရီးတော်ဖြစ်သော စစ်သေနာပတိချုပ်ကြီးနှင့် အတိုင်ပင်ခံအမတ်ကြီးတို့ကလွဲ၍ ကျန်တဲ့မူးမတ်ဗိုလ်ပါအပေါင်းတို့ဟာ ဘုရင်မကို အမြင်မကြည်ကြသောသူများသာဖြစ်၏။ ထိုသူအပေါင်းဟာ သတိုးကျော်စွာ နန်းတော်အတွင်းသို့ ၀င်ရောက်တိုက်ခိုက်ခြင်းကို အကူအညီများပင်ပေးပြီး ဘုရင်မကို ပုန်ကန်သည့်ဘက်မှ ပါဝင်ခဲ့ကြသည်။ အတိုင်ပင်ခံအမတ်ကြီးရဲ့ သားဖြစ်သူ ဘယ်လက်ရုံးစစ်သူကြီး သီဟသူရိန် သည်လည်း ဘုရင်မနဲ့အတူ ဟံသာဝတီတပ်များကို ချေမှုန်းဖို့အတွက် လိုက်ပါသွားခဲ့တာကြောင့် နန်းတော်ထဲမှာ ကျန်ရစ်ခဲ့သော နန်းစောင့်တပ်၏အင်အားဟာ နည်းပါးလွန်းလှသည်။ ထို့ကြောင့် သတိုးကျော်စွာရဲ့ ပုန်ကန်မှုဟာ အလွယ်တကူပင် အထမြောက်ခဲ့ခြင်းဖြစ်ပေသည်။

တစ်မနက်ဆိုသည့်အချိန်တိုအတွင်းမှာပင် သတိုးကျော်စွာ ဟာနန်းတော်အတွင်းက ဘုရင်မရဲ့သစ္စာတော်ခံသူအပေါင်းကို သတ်ဖြတ်ခဲ့ပြီး ရာဇပလ္လင်ပေါ်သို့တက်ထိုင်၍ ဘုရင်လုပ်ခဲ့၏။

သတိုးကျော်စွာ အာဏာသိမ်းယူပြီးသည့် အချိန်မှာတင် စစ်သေနာပတိချုပ်ကြီးနှင့် အတိုင်ပင်ခံအမတ်ဘိုးဘိုးကြီးတို့ကို ဖမ်းဆီးချုပ်နှောင်၍ ချက်ချင်းပြင် ကွပ်မျက်ခဲ့၏။ ဘုရင်မစရီမုဒ္ဒြာ ရဲ့မယ်တော်တစ်ပါးကလွဲ၍ နန်းတော်ထဲမှာရှိတဲ့ ဘုရင်မရဲ့ ကျန်ဆွေတော်မျိုးတော် အားလုံးကို တစ်ယောက်မကျန် ကွပ်မျက်ခဲ့သည်။

နှောင်ကြိုး ၊ နှောင်ကြိုးWhere stories live. Discover now