Part 17(Unicode)

5K 467 27
                                    

" မယ်မယ် ? "

အုံ့ဆိုင်းနေတဲ့သစ်ပင်ကြီးတစ်ပင်ရဲ့အောက်မှာ ရပ်နေတဲ့ မယ်မယ်ကို မြင်တွေ့လိုက်ရတာကြောင့် ပဒုမ္မာ ၀မ်းသာအားရဖြင့် သစ်ပင်အောက်သို့ ပြေးသွားမိလေသည်။ အနားရောက်တော့မှ မယ်မယ့်ရဲ့လည်ပင်းမှာ သွေးတွေစီးကျနေတာကိုမြင်ရပြီး ပဒုမ္မာ အထိတ်တလန့်ဖြစ်သွား၏။

" ဘုရားရေ .. မယ်မယ် .. ဘယ်လိုဖြစ်တာလဲ မယ်မယ်။ မယ်မယ့်ရဲ့လည်ပင်း .. လည်ပင်းမှာ သွေးတွေနဲ့ပါလား "

မယ်မယ်ဟာ သူမေးတာကိုမဖြေပဲ ရှိုက်ကြီးတငင်သာ ငိုနေသည်။ အတန်ကြာတော့မှ အက်ကွဲသောလေသံဖြင့်

" သမီးကြီးရဲ့ ညီမငယ်ကို ကာကွယ်စောင့်ရှောက်ပေးပါကွယ်။ သူသိပ်ကိုဒုက္ခရောက်နေတယ် သမီးကြီးရယ် .. "

" ဟင် ညီမတော်ဒုက္ခရောက်နေတယ်တဲ့လား မယ်မယ် .. သူအခုဘယ်မှာလဲဟင် ? "

သူမေးလိုက်တဲ့အချိန်မှာပဲ မယ်မယ့်ရဲ့ပုံရိပ်ဟာ မှေးမှိန်လာပြီး အခိုးအငွေ့တွေအဖြစ်သို့ ကူးပြောင်းသွားခဲ့သည်။

" မယ်မယ် .. မယ်မယ် .. "
" သခင်မ .. သခင်မ "
အထိန်းတော်ကြီးမယ်ဇာရဲ့ ခေါ်သံကိုကြားရမှပဲ ပဒုမ္မာ အိမ်မက်ထဲကနေ နိုးထလာနိုင်ခဲ့သည်။

" ဘုရား ဘုရား ... အိမ်မက်တွေ မကောင်းလိုက်တာ မယ်ဇာရယ်။ ငါ့ရင်ထဲစိုးထိတ်လိုက်တာကွယ်။ မယ်မယ်ဘုရား နန်းတော်ထဲကနေထွက်ခွာသွားတာ ၅ ရက်တောင်ရှိပြီ .. ယခုထက်ထိ မယ်မယ်နဲ့စရီ့အကြောင်း ဘာသတင်းအစအနမှကို မကြားသိရသေးဘူး။ တကယ်ဆိုရင် ၅ ရက်ဆိုတဲ့အချိန်အတောအတွင်းမှာ စရီ့ဆီကနေ သေးငယ်လှသောစာချွန်လေးလောက်တော့ ရောက်လာသင့်ပြီကွယ်။ ဘေးမှကင်းကြရဲ့လား မသိပေဘူး "

သလွန်စောင်းမှာ ဘေးတစောင်းလေးထထိုင်ရင်း ပဒုမ္မာ စိတ်ပင်ပန်းဟန်ဖြင့် ပြောဆိုနေမိသည်။ အထိန်းတော်ကြီးမယ်ဇာ ဆက်သတဲ့ရေကြည်အေးကို သောက်သုံးလိုက်ပေမဲ့လို့ ရင်ကတော့ အေးမသွားခဲ့ပါ။ မနက်မိုးသောက် ရောင်နီလာတော့ မွေးမိခင်မယ်တော်ကြီးရဲ့ အဆောင်တော်ကိုကူး၍ ညကမက်ခဲ့သည့်အိမ်မက်အကြောင်းကို ပြောပြဖြစ်ခဲ့သည်။

နှောင်ကြိုး ၊ နှောင်ကြိုးWhere stories live. Discover now