Part 10(Zawgyi)

2.6K 112 3
                                    

နန်းတော်ရဲ့အပြင်ဘက်က ရွာနီးစပ်များနှင့် ဒေသများသို့ လျှို့ဝှက်ကာ တိုင်းခန်းလှည့်လည် ကြည့်ရှုစစ်ဆေးမည်ဟုသာ ညီလာခံမှာ မိန့်ကြားခဲ့ပြီး နန်းတော်ကိုစောင့်ရှောက်ဖို့အတွက်နှင့် ညီလာခံမှာ ကြီးကြပ်ကွပ်ကဲဖို့အတွက် ဦးရီးတော်စစ်သေနာပတိချုပ်ကြီးအား ခေတ္တခဏ အာဏာပေးအပ်၍ ဘုရင်မ'မဟာစရီမုဒ္ဒြာဒေ၀ီ´ဟာ အစ်မတော်'မဟာရတနာပဒုမ္မာဒေ၀ီ´ နှင့်အတူ တိုင်းပြည်မြောက်ဘက်ဖျားဆီသို့ တိတ်တဆိတ် ခရီးထွက်ခဲ့ပါတော့သည်။ ထိုခရီးစဉ်တွင် ဘုရင်မ၏ ကိုယ်ရံတော်တပ်ဖွဲ့နှင့်အတူ ယုံကြည်စိတ်ချရသော သစ္စာတော်ခံများဖြစ်ကြသည့် အထူးတပ်ဖွဲ့မှ စစ်သည်တော်တစ်စုသာ လိုက်ပါလာခဲ့ကြသည်။ ခရီးစဉ်အကြောင်းကိုလည်း နန်းတော်တွင်ကျန်ရှိခဲ့သော ဦးရီးတော်တစ်ဦးတည်းသာ သေသေချာချာသိပေသည်။

သွားရသည့်ခရီးစဉ်မှာ အစပိုင်းမှာတော့ ရွှေဘုံသာမြို့တော်ကြီးမှတစ်ဆင့် ရွာနီးစပ်လေးတွေကို ဖြတ်သန်းသွားရသည်။ ထိုမှတစ်ဆင့် တောလမ်းခရီးများကိုလည်း ကျော်ဖြတ်သွားလာရသည်မို့ တောတောင်ရေမြေရဲ့ သဘာဝအလှတရားတွေကို ပဒုမ္မာဒေ၀ီ တစ်ယောက် ၀၀လင်လင် ကြည်ရှုခံစားခွင့် ရခဲ့ချေပြီ။ မုဒ္ဒြာ ကငယ်ရွယ်စဉ်ကတည်းက ဖခမည်းတော် ၊ ဦးရီးတော်တို့နှင့်အတူတူ နယ်စပ်ဒေသဘက်သို့ မကြာခဏလိုက်ပါခဲ့ဖူးသူဖြစ်သော်လည်း အစ်မတော်ပဒုမ္မာ ကတော့ ဟိုးငယ်ငယ်လေးကတည်းက ရွှေဘုံသာနန်းတော်ကြီးထဲမှာပဲမွေး ၊ ထိုနန်းတော်ကြီးထဲမှာပဲ ကြီးပြင်းလာသူဖြစ်ကာ နန်းပြင်မြို့တွင်းထဲကိုတောင်မှ မုဒ္ဒြာ ကခေါ်ဆောင်မှသာ ရောက်ဖူးသူဖြစ်၏။ ဒီလို တောလမ်းခရီးကို တစ်ခါမျှ မသွားဖူးသူဖြစ်ကာ တောတောင်ရေမြေရဲ့ သဘာဝအလှတရားစစ်စစ်ကိုတော့ ယခုမှပဲ ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ဖူးခြင်းဖြစ်ပေသည်။

" မြင်တွေ့ရတဲ့ ရှုခင်းတွေက သာယာလွန်းတယ်မဟုတ်လားအစ်မတော် ? "

ကြီးမာလှသော လှည်းယာဉ်၏ ပြူတင်းတံခါးကနေပြီး ပိတ်ကာထားသော အ၀တ်စကို လက်ဖြင့်လှပ်ထားကာ အပြင်ဘက်ရှုခင်းတွေကို ငေးကြည့်ရင်း ရင်သပ်ရှုမောနေသော အစ်မတော်ကို မုဒ္ဒြာ မေးလိုက်တော့ အစ်မတော်က သူ့ဘက်ကို တစ်ချက်လေးလှည့်ကြည့်ပြီး ပြုံးရွှင်စွာဖြင့် ခေါင်းညိတ်ပြသည်။

နှောင်ကြိုး ၊ နှောင်ကြိုးWhere stories live. Discover now