Part 8(Zawgyi)

2.7K 105 5
                                    

နေ့ရက်တွေအတော်များများကျော်လွန်ခဲ့ပြီမို့ ရတနာပူရတိုင်းပြည်ကြီးရဲ့ ဘုရင်မဖြစ်တဲ့ မဟာစရီမုဒ္ဒြာဒေ၀ီ သည်လည်း အတော်လေးပြန်လည်ကျန်းမာလာပြီဖြစ်သည် ။ ထို့ကြောင့် နေ့စဉ်နေ့တိုင်း ညီလာခံ ၃ ကြိမ်ပြုလုပ်၍ တိုင်းရေးပြည်ရာများကို စွမ်းစွမ်းတမန်စီမံကွပ်ကဲခဲ့သည် ။ နန်းတွင်းထဲမှာလည်း အပတ်စဉ်အပတ်တိုင်း သီလသမာဓိနှင့်ပြည့်စုံသည့်ရဟန်းသံဃာတော်များကို ပင့်ဖိတ်၍ ဆွမ်းလောင်းအလှူပြုသည် ။ နန်းတွင်းအပြင်ဘက် အနယ်နယ်အရပ်ရပ်ဆီသို့လည်း ဘုရင့်ဘဏ္ဍာတိုက်ကိုဖွင့်၍ စားနပ်ရိက္ခာများ ပေးပို့ကာ ပြည်သူပြည်သားတွေ ငတ်မွတ်ခေါင်းပါးမှု မရှိရလေအောင် ဆောင်ရွက်တော်မှုသည် ။ တစ်ခါတစ်လေတွင် ဘုရင်မဟာ သူ၏အစ်မတော် ၊ မယ်တော်ကြီးတို့နှင့်အတူ အမြဲဆည်းကပ်ကိုးကွယ်သည့် ဆရာတော်ဘုရားကြီးရဲ့ ကျောင်းတော်သို့လိုက်သွား၍ တရားနာ ၊ ဥပုတ်သီတင်းသီလ ဆောက်တည်ပါသည် ။ သည်လိုနှင့် သူမရဲ့အမှုအကျင့်တွေကို တဖြည်းဖြည်းပြုပြင်ပြောင်းလဲပစ်ကာ ဒေါသကိုရှေ့တန်းမတင်မိရလေအောင် အမြဲဆင်ခြင်ခဲ့၏ ။ တိုင်းပြည်အတွက်လည်း မင်းကျင့်တရား ၁၀ ပါးနှင့်အညီ စီမံအုပ်ချုပ်နိုင်ဖို့အတွက် အားသွန်ခွန်ဆိုက် ကြိုးပမ်းလျက်ရှိလေသည် ။

အစ်မတော် မဟာရတနာပဒုမ္မာဒေ၀ီ ကတော့ သူ့ရဲ့ညီမတော် အခုလိုမျိုးပြောင်းလဲလာခြင်းကို ကြည့်၍ နှစ်သက်ကျေနပ်အားရနေလေသည် ။ တဖန် ဟိုအရင်ကလိုမျိုး လမ်းမှားပေါ်သို့ မတိမ်းမှောက်စေရန်အတွက်လည်း ဘေးနာကနေပြီး ဖေးဖေးမမနှင့် ကူညီသင်ပြပေးခဲ့၏ ။ သည်လိုနှင့် ဘုရင်မမုဒ္ဒြာဒေ၀ီ ၏နန်းသက်နှစ် ၁ နှစ်ပြည့်ပြီးသည့်အခါမှာတော့ ရတနာပူရတိုင်းပြည်ကြီးဟာ အေးချမ်းသာယာပြီး ဘယ်အရပ်ဒေသကိုကြည့်လိုက်ကြည့်လိုက် စည်ပင်ထွန်းကားလျက်ရှိနေပါတော့သည် ။

" အစ်မတော်ရတနာ .. ဒီနေ့ကော စိတ်နှလုံးရွှင်လန်းပြီး ကျန်းမာပါရဲ့လားဘုရား .. "

ညနေခင်းညီလာခံအပြီး ထုံးစံအတိုင်း အစ်မတော်ရဲ့အဆောင်ရှိရာဆီသို့ဝင်ရောက်၍ နှုတ်ခွန်းဆက်သနေခြင်းသာဖြစ်၏ ။

နှောင်ကြိုး ၊ နှောင်ကြိုးWhere stories live. Discover now