You're my Luna ( 2 )

4.1K 434 0
                                    

Unicode

"သား ဘယ်ကပြန်လာတာလဲ"

          အိမ်သို့ရောက်ရောက်ချင်း အပေါ်ထပ်တက်ရန်ခြေလှမ်းနေစဥ် ကြားလိုက်ရတဲ့အဖေ့အသံကြောင့် သူဧည့်ခန်းဘက်ထွက်လာလိုက်သည်...သူ့အားကျောပေးကာ sofa တွင်ထိုင်နေသောအဖေအားသူမမြင်မိပေ.....

"Hoseok နဲ့သွားတွေ့တာပါ အဖေ"

         သူ့စကားကိုအဖေက company စာရွက်များကြည့်ကာနားထောင်နေသည်...သူ့မှာထိုင်ရမလား မတ်တပ်ရပ်နေရမလားမသိတာမို့ မတ်တပ်သာရပ်နေလိုက်သည်..ခဏကြာအဖေကသူ့အားတစ်ချက်စွေကြည့်ကာ ထိုင်ခိုင်းလာသည်....

"Creative pack ခေါင်းဆောင်ရဲ့သမီးနဲ့တွေ့လာတယ်ကြားတယ်"

        အဖေကသူ့အားတစ်ချက်သာကြည့်ပြီး စာရွက်စာတမ်းများအားပြန်ကြည့်ကာ စကားဆက်လေသည် သတင်းပေးမြန်ချက်ကသူအိမ်ပြန်မရောက်ခင် အဖေ့ဆီကိုသတင်းပို့ပေးပြီးလေပြီ......

"သူငယ်ချင်းဟောင်းပါ သူကအသက် 18 နှစ်မှာပဲ အဂ်လန်ကိုပြောင်းသွားတာ အခုမှပြန်တွေ့တာ"

"ငါသိပြီ"

"........."

        Taehyung စိတ်ထဲတစ်မျိုးဖြစ်သွားသော်လည်း အနည်းဆုံးတော့သူသိပြီးသားသူနဲ့စီစဥ်ပေးရင်တော့ သူ့စိတ်ထဲခံသာပါသေးတယ်...မချစ်မနှစ်သက်တဲ့သူစိမ်းတစ်ယောက် တစ်ခါမှမမြင်ဖူးတဲ့သူစိမ်းတစ်ယောက်နဲ့လက်ထပ်ရမဲ့အစား သူသိပြီးသားသူဆိုပိုကောင်းသည်ဟု taehyung တွေးလိုက်သည်...အဲ့ဒီနောက်အပေါ်ထပ်သို့သူပြန်တက်ရန်ပြင်ချိန် အဖေ့ရဲ့အမိန့်သံတစ်ခု....

"မနက်ဖြန် party တစ်ခုရှိတယ် မင်းလိုက်ခဲ့ရမယ်"

" Nae appa"

       အားနည်းလွယ်တဲ့သူက ဒီနေ့အဖို့တော့တော်တော်ပင်ပန်းလှချေပြီ...ပြတင်းပေါက်နားက ချယ်ရီပင်ကြီးကိုကြည့်ရင်း သူပြုံးလိုက်သည်...ဒါကသူနဲ့အမေအတူတူစိုက်ခဲ့တဲ့ချယ်ရီပင်လေး...အမေ့ကိုလွမ်းတိုင်း ချယ်ရီပင်ကြီးအားအလွမ်းပြေကြည့်သလို တစ်ခါတစ်လေစကားများလည်းပြောတက်သည်...အမေကအရမ်းနူးညံ့သည်...အဖေနဲ့ဘယ်လိုတွေ့လို့ဘယ်လိုချစ်ခဲ့ကြလည်းမသိပေမဲ့ သေချာပေါက်အဖေကလည်းအမေ့ရဲ့အလှနဲ့နူးညံ့တဲ့အမူအယာမှာကြွေသွားပုံပင်...လူအများကသူ့အားအမေနဲ့ချွတ်စွပ်တူတယ်ပြောကြသည်..သို့သော်အဖေကအမေ့ကိုချစ်ပေမဲ့ သူ့ကိုတော့ လျစ်လျူရှုမြဲသာ.....

You're my Luna ( Complete )Where stories live. Discover now