You're my Luna ( 11 )

3.1K 307 0
                                    

Unicode

သူဒီမှာနေလာတာ လဝက်တောင်ရှိပြီ...အချိန်တွေကပဲမြန်နေတာလား သူကပဲအချိန်တွေကိုမြန်တယ်လို့ထင်နေတာလားမပြောတက်ဘူး....

"သခင်လေး သခင်ကြီးကမနက်စာအတူစားဖို့ခေါ်ခိုင်းလိုက်ပါတယ်"

ဂျောင်ဂုနဲ့သူကညစာကိုအတူမစားဖူးသေးပေမဲ့ မနက်စာကိုတော့ jungkook ဘက်ကအချိန်ရှိရင်အတူစားဖြစ်ကြတယ်...သူအောက်ဆင်းလာတော့ jungkook ကစားစရာရှိတာကိုသာစားနေတော့ သူနှုတ်ဆက်စကားဆိုရင်း ဝင်ထိုင်စားလိုက်တယ်.....

"ဘယ်သွားမလို့လဲ"

"Pack ကိုသွားကြည့်မလို့ပါ"

"Orlan ကိုခေါ်သွားမလား"

"ရတယ်...ကျွန်တော် Driver နဲ့ဘဲသွားတော့မယ်"

"ဂရုစိုက်ပေါ့"

"ဟုတ်"

ပြောချင်တာပြောပြီးသည်နဲ့ jungkook ကထထွက်သွားတော့သည်...taehyung လည်း jungkook ထွက်သွားသည်နဲ့ Driver ခေါ်ကာ pack ကိုထွက်လာလိုက်တယ်...pack ကိုရောက်တော့ အကို namjoon ကသူ့အားအပြုံးလေးနဲ့စောင့်ကြိုလို့နေတယ်.....

" သခင်လေးဒီနေ့ကော အရင်နေ့တွေလိုပဲစစ်ဆေးမလို့လား"

"အင်း ဒါနဲ့ appa ကောရှိလား"

"ရှိတယ် သူရုံးခန်းထဲမှာ သခင်လေးတွေ့ချင်ရင်ကျွန်တော်လမ်းပြပေးမယ်"

"ပြန်ခါနီးမှပဲတွေ့တော့မယ်"

Taehyung ပြောရင်း pack ကိုတစ်ချက်လှည့်ပတ်ကြည့်လိုက်တယ်...သူမကြာခဏလာနေကျမို့ pack ထဲက ကလေးတွေကသူ့ကိုရင်းနှီးနေပြီဖြစ်ပြီး သူ Omega အဆောင်ဘက်ကိုသွားတယ် pack နဲ့ Omega အဆောင်ကသတ်သတ်စီရှိပြီး အကွာအဝေး ခပ်လှမ်းလှမ်းမှာရှိတယ်...အရင်ကလည်းသူသည် Omega အဆောင်မှာနေခဲ့ရတယ်...အဲ့မှာက Omega တွေကြီးပဲ သူတို့ကိုစောင့်ရှောက်မဲ့အစောင့်အကြပ်ကိုတော့ Beta တစ်ချို့ကိုထားပြီး pack မှာတော့ alpha အများစုရှိတယ်...မိတ်လိုက်တဲ့ရာသီရောက်တာနဲ့ Pack တိုင်းကသူတို့ရဲ့ Omega တွေကိုအစောင့်အကြပ်များရတယ်...ဘာလို့ဆို roung တွေရဲ့လက်ချက်ကြောင့်ပဲ သူတို့က မိတ်လိုက်တဲ့ရာသီရောက်တာနဲ့ ခွေးရူးလိုပဲ Omega တွေကိုလိုက်ရှာကြတယ်...ပေါ့ဆမိတာနဲ့ pack ထဲက Omega တွေအကုန်လုံးက roung တွေရဲ့လက်ထဲကိုရောက်သွားလိမ့်မယ်....မိတ်ရာသီမဟုတ်သေးပေမဲ့ မကြာခင်ရောက်လာတော့မယ်မလား အဖေကအဲ့ကိစ္စနဲ့ရုံးခန်းထဲကတောင်မထွက်နိုင်ဘူးကြားတယ်......

You're my Luna ( Complete )Where stories live. Discover now