You're my Luna( 9 )

3.2K 315 4
                                    

Unicode

"Daesaung ဘယ်လိုဖြစ်လို့"

"Sorry taehyung ငါနင့်စေ့စပ်ပွဲကိုမလာနိုင်ခဲ့လို့ "

ဧည့်ခန်းထဲက မျက်နှာချင်းဆိုင်မှာထိုင်ရင်း Daesaung က taehyung ကိုစေ့စပ်ပွဲမလာနိုင်ခဲ့လို့စိတ်မကောင်းဖြစ်ကြောင်းပြောနေတယ်..သူမလက်ကပန်းစည်းလေးကိုတော့ စားပွဲပေါ်တင်ထားလိုက်တယ်....

"ရပါတယ်ဟာနင်ကလည်း နင်လည်းအလုပ်နဲ့မို့မလာနိုင်တာပဲကို"

"ဟုတ်တာပေါ့ အဲ့ဒါကအဲ့လောက်မှအရေးမပါတာကို"

"!!"

ပြူးပြူးလေးကြည့်လာတဲ့ taehyung ကြောင့် Daesaung မျက်နှာထက်အပြုံးတုတစ်ခုကိုပန်ဆင်ကာဆက်ပြောလာတယ်....

"ငါဆိုလိုတာက ငါတို့ဆက်ဆံရေးကဒီပွဲထက်ပိုအရေးကြီးတယ်လို့ပါ ဟုတ်တယ်မလား taehyung"

"အမ်..အင်း ဟုတ်တယ် အဲ့တာကြောင့်နင်စိတ်မကောင်းမဖြစ်နဲ့"

"အင်းပါ..အော်!ငါပြောစရာရှိသေးတယ် အပြင်မှာထွက်ပြောကြမလား"

အနားမှာရပ်စောင့်နေတဲ့ အိမ်ထိန်းတော်ကြောင့် Daesaung ကပြောရခက်ဟန်မို့သူခေါင်းငြိမ့်လက်ခံလိုက်တယ်...

"ကဲပြောစမ်းပါဦး ဘာအရေးကြောင့်ဒီလိုတောင်ပြောရတာလဲ"

"ဘာအရေးမှမဟုတ်ပါဘူးဟ..ငါနင့်ကိုညစာစားပွဲဖိတ်ချင်လို့ ငါနဲ့စီးပွားရေးမိတ်ဖက်ကခေါ်ထားပေမဲ့ ငါ့မှာတွဲဖက်မရှိလို့ပါ"

Taehyung ကူညီချင်ပေမဲ့ သူ့မှာအခုစေ့စပ်ထားတဲ့သူရှိနေပြီလေ...သူခွင့်တောင်းကြည့်ရင်ကောင်းမယ်ထင်တယ်....

"ငါစဉ်းစားဦးမယ်"

"ဘာလို့လဲ taehyung ရဲ့အဲ့ဒါကဒီအတိုင်းပွဲတက်တစ်ခုပါပဲ"

"ငါက Omega တစ်ယောက်ဖြစ်သလို မကြာခင် pack ရဲ့luna ဖြစ်တော့မှာ တစ်ခုခုအထင်လွဲစရာတွေဖြစ်လာရင် ငါ့သိက္ခာတွေရေစုန်မျောသွားလိမ့်မယ်"

"ဟင်းးးဒါဆိုနင့်နဲ့စေ့စပ်ထားတဲ့သူဆီအရင်ခွင့်တောင်းကြည့်ပေါ့"

"အင်းပါ.."

"ငါမျှော်လင့်နေမယ်"

ထပြီးထွက်သွားတဲ့ Daesaung ကို taehyung အိမ်ရှေ့ထိလိုက်ပို့လိုက်တယ်...လမ်းလျှောက်နေရင်း Daesaung ကသူ့ဘယ်ဘက်ပါးနဲ့ညာဘက်ပါးကိုထိရုံလေး ဖြတ်ခနဲ လာနမ်းလိုက်သည်မို့ သူ့မှာအသက်ရှုပင်အောင့်မိသွားတယ်....

You're my Luna ( Complete )Where stories live. Discover now