You're my Luna ( 19 )

2.8K 270 0
                                    

Unicode

"Hoseok နောက်ဆုတ်နေ!!"

      Jimin ကသူ့ရှေ့ကနေဒိုင်ခံကာ သူတို့အနားကပ်လာသမျှ Vampire တွေကိုကိုက်ဖြတ်နေသည်....

"Jimin ငါလည်းကူမယ်!!"

       တစ်ယောက်တည်းဘယ်လိုမှမနိုင်သည်မို့ jimin ခေါင်းငြိမ့်၍သာလက်ခံလိုက်ရသည်...

"ငါ့နားမှာပဲနေ တစ်ဖဝါးမှမခွာနဲ့!!"

"အေးပါကွ!"

      Mate link ကနေတစ်ဆင့်ပြောကာ တစ်ယောက်နဲ့တစ်ယောက် ဂရုစိုက်နေရသည်...

"Hoseok သတိထား!!!"

     သတိပေးသံအဆုံး hoseok လည်ပင်းကအကိုက်ခံလိုက်ရသည်... hoseok ခါချနေပေမဲ့ ထိုအကောင်ဟာ သူလည်ဂုတ်အားကိုက်ခဲထားသည်မှာမလွတ်သည်မို့ hoseok ယိုင်လှဲ့လာရသည်...jimin ဒေါသထွက်ကာ ထိုအကောင်အားကုတ်ချလိုက်ပြီး လဲကျသွားသော ထိုအကောင်ရဲ့ခေါင်းကိုစုတ်ပြတ်သပ်နေအောင်ကိုက်ကာ ခန္ဓာကိုယ်ကို သူ့ရဲ့ကြီးမားတဲ့လက်နဲ့ဖိပြီးခေါင်းအားဆွဲဖြုတ်လိုက်တော့သည်...

"Hoseok!!အဆင်ပြေရဲ့လား!!ကိုယ့်ကိုကြည့်ပါဦး!!"

        Hoseok က wolf form ကနေ လူပုံပြောင်းကာကွေးကွေးလေးလှဲနေတော့သည်...သူ့လည်ပင်းမှာလည်းကိုက်ရာကြောင့်စုတ်ပြတ်သတ်ကာ သွေးများကဒလဟောထွက်လို့နေသည်....

"Hoseok!!!"    

        သူ့အသံကြောင့် hoseok အမ ကအပြေးအလွှားရောက်လို့လာသည်....

"မဖြစ်ဘူး hoseok မောင်လေး တောင်ခံထားပါကျေးဇူးပြုပြီး~"

       တုန်ရီနေတဲ့အသံနဲ့ hoseok အမကအကိုက်ခံထားရတဲ့လည်ပင်းမှသွေးများဆက်မထွက်စေရန် သူ့အင်္ကျီဖြင့်ဖိပိတ်လို့ထားသည်...

       Jimin hoseok အားချီကာတိုက်ပွဲရဲ့အဝေးကိုခေါ်ဆောင်လာမိတော့တယ်...တောစပ်ဆိုပေမဲ့ ထူးခြားစွာပင်ထိုနားတွင်ဆေးရုံတစ်ခုရှိသည်ဆိုရမည်...seokjin ဆိုတဲ့ Omega တစ်ယောက်က ဆရာဝန်တစ်ယောက်ဖြစ်တာမို့ ထိုဆေးရုံတွင်ခဏကုသပြီး မြို့ထဲသို့အပြေးနှင်ရပြန်သည်...တောစပ်ဆိုသည့်အတိုင်းထိုဆေးရုံကပစ္စည်းကိရိယာမစုံသောကြောင့်ပင်ဖြစ်သည်...ကျေးဇူးပြုပြီး မအိပ်လိုက်ပါနဲ့ Baby ကိုယ်နဲ့ရန်ဖြစ်ဖို့ထလာပါဦး!!...

You're my Luna ( Complete )Where stories live. Discover now