You're my Luna ( 6 )

3.5K 378 1
                                    

Unicode

          ခန်းနားကျော်ကြားတဲ့ Hotel တစ်ခုတွင် လူအများစုရုန်းစုရုန်းဖြစ်နေကြသည်....ဒိုင်ခံဧည့်ခံနေတာက taehyung အဖေ နဲ့ jungkook ရဲ့လူယုံအတွင်းရေးမှူး....
တံခါးကြားက ချောင်းကြည့်နေသောကောင်လေးတစ်ယောက်...ခန်းမထဲကလူများကိုကြည့်ရုံဖြင့် အဆင့်တန်းမြင့်တွေထဲကမှန်းသိသာသည်....အားလုံးကအဝတ်အစားနဲ့လက်ဝတ်တန်ဆာ ကိုအပြိုင်အဆိုင်ဝတ်ထားကြသည်ကို ကြည့်ရင်း taehyung သက်ပြင်းလေးချကာ တံခါးပိတ်လိုက်သည်.....

"ဘာကိုစိုးရိမ်နေတာလဲ...အခုမင်းစိတ်ပြောင်းလို့ရသေးတယ်"

        ခပ်နောက်နောက်ဆိုလာသော hoseok စကားကြောင့် သူအသာပြုံးလိုက်တယ်....

"ကျစ်!ငါ့သူငယ်ချင်းအချောလေးကအခု ပိုင်ရှင်နဲ့ဖြစ်တော့မယ် နှမျောဖို့ကောင်းလိုက်တာ"

"သတို့သား အခန်းအနားစပါပြီ"

        ဝန်ထမ်းမလေးတစ်ယောက်ကသတိလာပေးသည်မို့ taehyung ခန်းမတံခါးသို့လျှောက်လှမ်းလိုက်တယ်....သူ့အရှေ့မှာအဖေက ရပ်နေပြီး သူ့လက်မောင်းကိုကမ်းပေးတယ်...taehyung အဖေ့ရဲ့လက်မောင်းမှာချိတ်လိုက်ရင်း ကော်ဇော်နီအပေါ်တက်လိုက်တယ်...ကောဇောနီကြီးက ကတ္တီဘာသားနဲ့ပြုလုပ်ထားပြီး နှင်းဆီအဖြူပွင့်ဖက်များအားပြန့်ကြဲလို့ထားသည်....ကော်ဇော်နီရဲ့အဆုံးသတ်မှာ jungkook ကရပ်လို့နေသည်...သူ့ရဲ့ပုံစံကပျော်ရွင်နေသည်လည်းမဟုတ် ဒေါသထွက်နေသည်လည်းမဟုတ် ဒီအတိုင်းလေးသာ....သူလျှောက်လာတဲ့လမ်းတစ်လျှောက် ကင်မရာသမားတွေက တဖြတ်ဖြတ်နဲ့ 1 sec လေးတောင်လက်မလွတ်ချင်ကြပေ....အဆုံးကိုရောက်တော့ jungkook ကသူ့အားလက်ကမ်းလာတယ်...taehyung သူ့အဖေကိုကြည့်တော့ သူ့အဖေက အရှေ့ကိုသာကြည့်နေသည်မို့ သူလည်းလျင်မြန်စွာ jungkook လက်ကိုဆုပ်ကိုင်လိုက်ပြီး အပေါ်တက်လိုက်တယ်....

"သတို့သား jeon jungkook သည် လက်ထပ်ပြီးသည့်အချိန်မှစ၍ ဖောက်လွဲဖောက်ပြန်ခြင်း နိုင်ထက်စီးနှင်းပြုခြင်းကိုမလုပ်ပဲ အေးအပူပူအမျှ အရာရာကိုနားလည်....."

       Taehyung jungkook ရဲ့ရုပ်ကိုအကဲခတ်ကြည့်တော့ jungkook ကသူ့အားရုပ်တည်ကြီးနဲ့သာကြည့်နေပြီး မင်္ဂလာအခန်းအနားကိုအာရုံစိုက်နေပုံပင်...သို့သော် ဒီနေ့မှ သူ့မျက်ဝန်းတွေက နွေးထွေးနေသလို....

You're my Luna ( Complete )Where stories live. Discover now