You're my Luna ( 5 )

3.9K 387 1
                                    

Unicode

        
        နောက်တနေ့ ညနေမှာတော့ taehyung jungkook နဲ့တွေ့ရန်ပြင်ဆင်နေလိုက်သည်.....

"အဆင်ပြေပါ့မလား အထိန်းတော်ကြီး"

        သူ့စကားကို အထိန်းတော်ကြီးက ပြုံးကာဆိုလာတယ်.....

"အဆင်ပြေသွားမှာပါ...ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိဖို့တော့လိုမယ်"

         Taehyung မှန်ရှေ့တွေတွေလေးသာထိုင်ကြည့်ရင်း.....

"သွားတော့မယ် အထိန်းတော်ကြီး"

"ကောင်းကောင်းသွားပါသခင်လေး"

          Taehyung အိမ်ကထွက်လာပြီး နာရီအနည်းငယ်အကြာမှာတော့ ကြီးမားတဲ့ hotel တစ်ခုရှေ့ကိုရောက်လာခဲ့တယ်....taehyung ဧည့်ကြိုနေရာတွင်ဘိုကင်လုပ်ထားတဲ့နာမည်ပြောလိုက်တော့ ဝန်ထမ်းမလေးတစ်ယောက်ကညွှန့်ပြလို့လာတယ်....ထိုဝန်ထမ်းမလေးက ချောမောလှပကာ ဝန်ထမ်းဝတ်စုံဝတ်ထားရသည်ကိုပင် သူမနဲ့လိုက်ဖက်လှသည်...သို့သော်သူမက beta ဖြစ်သည်...ထိုဝန်ထမ်းမလေး နောက်လိုက်ပြီး ခဏအကြာမှာတော့ အခန်းတစ်ခန်းရှေ့ရပ်သွားကာ သူ့အားတံခါးဖွင့်ပေးသည်မို့ taehyung အလိုက်သင့်ဝင်လာလိုက်သည်.....

"ရောက်လာပြီလား"

"........."

"Tae ကြိုက်မယ်ထင်တဲ့စားစရာတွေကိုပြင်ပေးထားတယ်"

"ကျေးဇူးတင်ပါတယ် jungkook shii"

        Jungkook ရဲ့ပိုင်စိုးပိုင်နင်းပြောလိုက်တဲ့ သူ့ရဲ့နာမ်စားအား taehyung မကြားသလိုသာ နေလိုက်သည်.....

"ဟက်!....လက်ထပ်တော့မှာကို ဘာလို့စိမ်းစိမ်းကားကားခေါ်ဝေါ်နေတာလဲ အခေါ်အဝေါ်လေးပြောင်းကြတာပေါ့"

"Jungkook shii ဘက်ကဘာကြောင့်လက်ထပ်ပွဲကိုလက်ခံရတာလဲသိခွင့်ရှိနိုင်မလား"

       သူ့စကားကို jungkook ကခပ်ရွဲ့ရွဲ့ပြုံးကာ......

"ဘာအတွက်ကြောင့်ဖြစ်စေ...ကိုယ်ကတော့မင်းကိုကာကွယ်ပေးချင်လို့ပါ"

      Jungkook စကားကြောင့် taehyung မျက်နှာတွေပူလာရတယ်...အခန်းထဲသူတို့နှစ်ယောက်တည်းဆိုတဲ့အသိကြောင့်ပိုဆိုးသွားတယ်...ဖြစ်လည်းဖြစ်ချင်စရာပဲလေ...jungkook ကရုပ်တည်ကြီးနဲ့ထိုစကားကိုတဲ့တိုးပြောသွားတော့ ပြောတဲ့သူကမရှက်ပေမဲ့ ကြားရတဲ့သူကတော့ရှက်လို့အငွေ့တောင်ပျံ့ချင်လာပြီ.......

You're my Luna ( Complete )Where stories live. Discover now