You're my Luna ( 4 )

3.9K 433 0
                                    

Unicode

ဘယ်လို!!အဖေအခုဘာပြောလိုက်တာလဲ...သူနားကြားမှားတာလား...သူကအခုနာမည်လည်းမသိ အဲ့လူအကြောင်းလည်းမသိ အိမ်သာမှာတစ်ခါပဲဆုံဖူးတဲ့သူနဲ့လက်ထပ်ရမှာတဲ့လား.....taehyung ရဲ့မျက်လုံးထဲ ရုတ်တရပ်ဆိုသလို ထိုကောင်လေးရုပ်ပေါ်လာတယ် ရုပ်ရည်ကတော့ပြောစရာမရှိအောင် ခန့်ညားချောမောတယ်...ဒါပေမဲ့သူ့မျက်ဝန်းတွေကအရိုင်းဆန်ပြီးတစ်ချိန်ထဲနွေးထွေးမှုကိုလည်းခံစားလိုက်ရတယ်.....

"ငါတို့မဖြစ်မနေလုပ်ရမှာ မင်းမှာငြင်းပိုင်ခွင့်မရှိဘူး"

"အ..အဖေ.."

Taehyung တုန်တုန်ရီရီခေါ်လိုက်မိတယ်...ဟင့်အင်းသူကြောက်တယ်...alpha တွေကအမြဲ omega တွေကိုအထင်သေးသလိုကြည့်ပြီး သူတို့ကမီးဖွှားစက်လိုပဲသဘောထားကြတာ....

"မင်းနောက်အပတ်တနင်္လါနေ့မှာသူနဲ့သွားတွေ့လိုက်...Date of cafe ဆိုင်ထဲ ညနေ 4 နာရီ"

"........."

"သွားတော့"

Taehyung အခန်းပြင်ရောက်မှအသက်ကိုဝဝရှုသွင်းထုတ်ကာ သူ့​ခြေထောက်တွေကိုပျော့ခွေချလိုက်တယ်....သူထင်တာ အဖေသူ့ကိုယုံကြည်မလာရင်တောင်ကြိုးစားနေပြီလို့...သူ့ကိုအပြင်လောကအကြောင်းသိအောင်သင်ပေးနေပြီလို့ထင်ခဲ့တာ...ဒါပေမဲ့မှားသွားတယ်...အဖေက အစကတည်းကငါ့ကို Alpha တစ်ကောင်နဲ့လက်ထပ်စေချင်နေတာ...ဒါကြောင့် သိသင့်တာတွေကိုလိုက်ပြနေတာလား...ဟား!.....ငါ့ရဲ့ဖြစ်တည်မှုကိုမုန်းလိုက်တာ...ငါသာ alpha တစ်ကောင်ဖြစ်ရင် အခုလိုအိမ်ထဲမှာပိတ်နေရမှာမဟုတ်သလို နူးညံ့နေမှာလည်းမဟုတ်ဘူး...အရာရာကိုဆုံးဖြတ်ပိုင်ခွင့်ရှိပြီး အခုလိုတခြားသူကာကွယ်ပေးမှာကိုစောင့်နေစရာမလိုဘူး...ကိုယ့်ကိုယ်ကိုလည်းယုံကြည်မှုမရှိတာမျိုးဖြစ်မှာမဟုတ်သလို သူဘာလုပ်လုပ်ပတ်ဝန်းကျင်ကဘာမှပြောမှာမဟုတ်ဘူး......taehyung စိတ်ထဲငိုကျွေးရင်းအိပ်ခန်းထဲတက်လာလိုက်တော့တယ်...အဖေဘာကြောင့် သူ့ကိုလက်ထပ်ခိုင်းလဲမသိပေမဲ့ သူငြင်းပိုင်ခွင့်မရှိသလို မေးပိုင်ခွင့်တောင်မရှိဘူး.....

ကျောင်းပြီးတော့သူကအလုပ်မရှိအကိုင်မရှိကောင်လေးတစ်ယောက်ဖြစ်လာတယ်...အပြင်မှာအလုပ်လုပ်ချင်ပေမဲ့ အဖေကခွင့်မပြုသလို အချို့အလုပ်များတွင် alpha နဲ့ beta ကိုသာခေါ်ထားတာတွေ့ရသည်...omega တွေရဲ့ဘဝကခက်ခဲတယ်...ဒီနေ့ pack ကိုသွားကြည့်ဖို့ဆုံးဖြတ်ထားတယ်...ဘာလို့ဆိုသူအရမ်းပျင်းနေလို့ပဲ....taehyung သူ့အတွေးတွေကိုရပ်လိုက်ကာ အိပ်ရာပေါ်ကထလိုက်ပြီး ရေချိုးခန်းထဲဝင်သွားလိုက်တယ်...နောက်နာရီဝက်မှာတော့ သူအဝတ်အစားသေချာဝတ်ပြီးလေပြီ....သူတို့ရဲ့ pack နေရာကို taehyung သိသွားပြီမို့ ခိုးထွက်ရန်ကြံစည်ထားသည်....

You're my Luna ( Complete )Where stories live. Discover now