You're my Luna ( 22 )

2.9K 281 7
                                    

Unicode

"မင်းအဆင်ပြေရဲ့လား"

"ဒါကငါဖြစ်စေချင်တဲ့အရာပဲလေ ဘာကိုအဆင်မပြေရမှာလဲ"

"သူကမင်းကိုတကယ်သဘောကျနေတဲ့ပုံပါ မင်းအသည်းအသန်ဖြစ်တုန်းကဆို သူတော်တော်စိတ်ပူပြီးပြာယာခတ်နေခဲ့တာ ပြီးတော့ သူ မကာကွယ်ပေးနိုင်တာကြောင့်ဆိုပြီးသူ့ကိုယ်သူ အပြစ်တင်သေးတယ်"

"......"

ဖုန်းစခရင်ပေါ်မှာ ပေါ်နေတဲ့ post က Ice Crystal Park ခေါင်းဆောင်နဲ့သူ့ရဲ့လှပတဲ့တွက်ဖက် Omega ဟူ၍ပင်...ထို post ကိုမြင်တော့ taehyung ​hoseok ဆီသွားကြည့်ခဲ့တယ်...hoseok ကဘယ်လိုမှမနေတဲ့အမူအရာရှိပေမဲ့ သူ့ပုံစံကိုခေါင်းအစခြေအဆုံးသိတာမို့ taehyung စိတ်ပူရသည်...

"မင်းတို့ဘာကြောင့်ဒီလိုဖြစ်လဲငါမသိပေမဲ့ တစ်ခုခုဆိုငါ့ကိုပြော hoseok ငါတက်နိုင်သလောက်ကူညီပေးမယ် အခုတော့ငါပြန်တော့မယ်"

ထွက်ခွာသွားပြီဖြစ်တဲ့ သူငယ်ချင်းဖြစ်သူကို hoseok တိုက်အောက်ထိလိုက်ပို့ပြီး ကားထွက်သွားသည်ကိုကြည့်ပြီးမှ condo ကိုပြန်တက်လာလိုက်တယ်...အခန်းထဲရောက်တော့ coffee ပူပူတစ်ခွက်ဖျော်ရင်း sofa ပေါ်ထိုင်ကာ အပြင်ကိုခပ်တွေတွေလေးကြည့်တယ်....

'မင်းငါ့ကိုကူညီနိုင်မှာမဟုတ်ဘူး...ဘာလို့ဆို ငါ့ကိုယ်ငါတောင် နားမလည်ဘူးမို့'

Jimin သူ့အမေဆီသို့ ကားနဲ့အပြေးနှင်မိတယ်...စံအိမ်ကိုရောက်တော့ အမေက အပန်းဖြေအိမ်မှာ ပျော်မွေ့နေတယ်...သူမရှေ့မတ်တပ်ရပ်မိတော့ နေကာမျက်မှန်အမဲနဲ့သူ့အားစတိုင်ကျကျကြည့်လာတယ်...

"Omma လုပ်လိုက်တာမလား"

"ငါကမင်းတို့ကြားအဆင်ပြေအောင်ပါ"

"Omma လုပ်လို့သူပိုပြီးအထင်လွှဲသွားရင် ဘယ်လိုလုပ်မလဲ"

"ငါ့ကိုယုံစမ်းပါ ပြီးတော့ သူ့ဘက်ကမင်းကို အဲ့လောက်သဘောမကျဖြစ်နေရင် reject လုပ်လိုက် ငါသူ့ထက်ချောတဲ့လှတဲ့..."

"Omma!!!"

"!!!!"

"အခု Omma လည်းကျွန်တော့်ကိုနားမလည်ဘူးဘဲ ကျွန်တော်သဘောကျတာ hyung ဆိုတဲ့ Beta ကောင်လေးပဲ...ကျွန်တော်သဘောကျတဲ့သူကိုကျွန်တော်ယူမယ် omma တားလို့မရဘူး!"

You're my Luna ( Complete )Where stories live. Discover now