You're my Luna ( 10 )

3.3K 307 5
                                    

Unicode

       ခန်းနားလှတဲ့ ပွဲကြီးထဲမှာ လူတွေကလည်း ဟန်ဆောင်မျက်နှာဖုံးတပ်ရင်း သူတို့ရဲ့သရုပ်မှန်ကိုဖုံးကွယ်ထားကြတယ်...taehyung ပါတီသို့ရောက်ရောက်ချင်း Daesaung ကိုရှာလိုက်တော့ သိပ်ပင်ရှာစရာမလိုဘဲသူတို့ရှေ့ကိုရောက်ချလာခဲ့တယ်....

" Taehyung ရောက်လာမယ်မထင်ထားဘူး"

        Daesaung ကစိတ်ဆိုးနေကြောင်းသိစေချင်၍သူ့အားတမင်လာနှုတ်ဆက်ခြင်းပင်ဖြစ်သည်...မနေ့ညကသူ့ကို Daesaung ကဖိတ်ခဲ့ပေမဲ့ Jungkook  ကလည်းပွဲတက်စရာရှိတယ်ဆိုသောကြောင့်သူ့မှာ Daesaung ကိုငြင်းခဲ့ရသည်မို့လား..အခုတော့ jungkook ခေါ်လာတဲ့ပွဲက Daesaung တက်ဖို့ဖိတ်ခဲ့တဲ့ပွဲဖြစ်လို့နေတယ်.....

"မကြာခင်သူက ငါ့ပါတနာဖြစ်တော့မှာလေ ဒီတော့ အခုကတည်းကသိထားတော့ပိုကောင်းတာပေါ့"

       Jungkook ရဲ့စကားကြောင့် Daesaung တစ်ယောက်အပြုံးမပျက်စေရန်မနည်းထိန်းနေရတယ်.....

"Taehyung နင်မလာနိုင်ဘူးဆိုလို့ ငါ hoseok ကိုဖိတ်ခဲ့တယ် သူလည်းဒီပွဲမှာရှိတယ်သိလား"

"ဟုတ်လား"

"တကယ်လို့နင်တွေ့ချင်ရင် ငါလိုက်ပို့ပေးမယ်"

"........"

"မင်း သွားချင်ရင်သွားလေ ကိုယ်လည်းစီးပွားရေးရှင်အချို့နဲ့စကားပြောရဦးမှာဆိုတော့ မင်းပျင်းနေလိမ့်မယ်"

"အင်း"

       Daesaung နောက်သို့ taehyung လိုက်သွားတော့ မကြာခင်တွေ့လိုက်ရတဲ့သူ့ချစ်သူငယ်ချင်း....ဝိုင်ခွက်ကိုကိုင်ရင်း တခြားလူတွေနဲ့စကားပြောနေသောသူ့သူငယ်ချင်းကအခုလိုကျတော့လည်းစီးပွားရေးသမားလိုကြည့်ကောင်းနေပြန်တယ်....

"သူကိုယ်ပိုင်စီးပွားရေးတစ်ခုတည်ထောင်ဖို့စိတ်ကူးနေတာ...ငါ့ကိုရင်းနှီးမြုပ်နှံဖို့ပြောလာပေမဲ့ ငါ့မှာလည်းစီမံကိန်းအချို့ကြောင့်သူ့ကိုရင်းနှီးမြုပ်နှံဖို့ငွေမပေးနိုင်ဘူးဖြစ်နေတယ်"

"......"

"ဒါကြောင့် ဒီပွဲမှာပဲဖြစ်ဖြစ်ရင်းနှီးမြုပ်နှံဖို့လူတွေ့စေချင်လို့ခေါ်လာလိုက်တာ"

You're my Luna ( Complete )Where stories live. Discover now