You're my Luna ( 12 )

3K 299 4
                                    

Unicode

"ရှင်..ရှင်ဘယ်သူလဲ"

   အိပ်ရာရဲ့အမှောင်ဘက်ခြမ်းမှာထိုင်နေတဲ့ လူတစ်ယောက်အားသူမကြောက်လန့်တကြားမေးမိတယ်...သူမရဲ့လက်တစ်ဖက်ကလည်းသေချာပေါက် သူမရဲ့ခေါင်းအုံးအောက်ကဓားကိုမသိမသာရှာနေတယ်.....

" မင်းရှာနေတာ ဒါလား"

   ထုတ်ပြလာတဲ့ သူမရဲအိတ်ဆောင်ဓားတိုလေးဟာ ထိုလူလက်ထဲဆော့ကစားခြင်းကိုခံနေရသည်....

"ဒါကျွန်မအိမ် ကျွန်မအော်လိုက်တာနဲ့လူတွေအကုန်ဒီကိုရောက်လာလိမ့်မယ်"

  သူမပြောလိုက်တော့ ထိုလူက ဓားကိုဆော့နေရာမှရပ်သွားသည်....

"ကိုယ်မင်းကို အန္တရာယ်မပြုပါဘူး"

   အေးစက်အသံဟာ အခန်းထဲသို့သြဇာညောင်းစွာထွက်လာသည်မို့ ထိုသူဟာတော်ရုံလူတစ်ယောက်မဟုတ်မှန်းသူမသိလိုက်တယ်...

"ဒါဆိုဘာလို့..."

  သူမလမ်းကြောင်းပေးလိုက်တော့ ထိုသူကအေးစက်တဲ့လေသံနဲ့သာဆိုလာသည်....

"ကိုယ်ကမင်းကိုကူညီပေးမလို့ပါ"

"........"

"Kim taehyung ကိစ္စလေ"

    Taehyung ကိုသိနေတာထက် သူမရဲ့ရည်ရွယ်ချက်ကိုပါသိနေတာမို့ သူမအလွန်အံ့သြသွားရသည်...ဘာအတွက်လဲ..ဘာကြောင့်သူ့ကိုကူညီမှာလဲ..သူကကောဘာလို့အဲ့လူကိုယုံရမှာလဲ...ဘာရည်ရွက်ချက်နဲ့ကူညီမှာလဲ....

"မင်းအတွက် မေးခွန်းတွေအများကြီးရှိနေမယ်ဆိုတာကို ငါသိတယ် ဒါပေမဲ့ မင်းနောက်ကျရင်သူ့ဘာသာသိလာလိမ့်မယ်"

"ရှင်ကဘာလို့ကျွန်မကိုကူညီမှာလဲ"

"ဘာလို့ဆို ငါတို့ရည်ရွယ်ချက်ကအတူတူပဲမို့"

"ဘာ?"
'အဲ့တာကကော ဘာအဓိပ္ပါယ်လဲ'

"မင်းကသူတို့မင်္ဂလာဆောင်ကိုဖျက်စီးစေချင်တယ်မလား"

"......."

" ငါလည်းသူတို့မင်္ဂလာဆောင်ကိုဖျက်ချင်နေတာ"

" ဘာရည်ရွယ်ချက်နဲ့လဲ"

"အဲ့တာကိုတော့မပြောနိုင်ဘူး ဒါပေမဲ့ မင်းငါ့ကိုယုံသင့်တယ် ဘာလို့ဆို ငါတို့ကတစ်လှေတည်းမို့လို့လေ"

You're my Luna ( Complete )Waar verhalen tot leven komen. Ontdek het nu