You're my Luna ( 21 )

3K 288 3
                                    

Unicode

        ​အသိအမှတ်ပြုပြီးတော့ သူတို့တစ်ယောက်ကိုတစ်ယောက်ကြည့်မိတယ်...wolf form ပုံစံလေးနဲ့မို့ တွေ့မြင်နေရသည်က တစ်မျိုးတစ်မည်ခံစားနေရသည်...မဲနက်နေတဲ့ Alpha wolf အနား ဖြူဖွေးနေတဲ့ Omega wolf လေးဟာတဖြည်းဖြည်းတိုးကပ်ကာ ခေါင်းချင်းတိုးဝှေ့ရင်း မှီချလာသည်...သူ့လည်ပင်းအား ခေါင်းထိုးကာတောတောင်အလှကိုအတူတူကြည့်မိသည်...မဲနက်နေတဲ့တောကြီးဟာမြူခိုးများဖြင့်လှပစွာတည်ရှိနေသည်...

"ကိုယ်မင်းကို တသက်လုံးကာကွယ်စောင့်ရှောက်မယ်~"

"ကျွန်တော်ယုံပါတယ်...ကျွန်တော့်ရဲ့Mate ကကျွန်တော့်ကိုအကောင်းဆုံးကာကွယ်ပေးမယ်ဆိုတာ~"

"မင်းကိုယ့်ကိုအဖြေပေးရဦးမယ်~"

သူ့စကားကြောင့် Omega လေးကတိတ်ဆိတ်သွားတယ်...ငုံ့ကာခေါင်းနဲ့တိုးဝှေ့ပြီး နဖူးချင်းထိမိတော့ ရှက်ရွံ့နေဟန်....

"ခင်..ခင်ဗျားက အခု ကျွန်တော့် Mate ဖြစ်နေပြီလေ ကျွန်တော့် heat cycle ကိုခင်ဗျားနဲ့မဖြတ်လို့ဘယ်သူနဲ့ဖြတ်ရမှာလဲ~"

ခပ်စွာစွာလေးပြောလာတဲ့ Omega လေးရဲ့ပါးကိုနမ်းလိုက်တယ်....

"ခဏနေရင်ကိုယ်တို့ စံအိမ်ပြန်ကြတာပေါ့~"

        Pack ကလူတွေကို နှုတ်ဆက်စကားပြောရင်းသူတို့ စံအိမ်ကိုပြန်ဖြစ်ကြတယ်... စံအိမ်ကိုပြန်တော့ jungkook ကပွေ့ချီပြီးခေါ်လာတယ်...မင်္ဂလာဆောင်ပြီးပြီဆိုတော့ အခုသူတို့တစ်ခန်းထဲတစ်ကုတင်တည်းအိပ်ရတော့မှာပေါ့...taehyung ရဲ့ရင်ခုန်သံကတစ်လမ်းလုံးကမောက်ကမဖြစ်နေခဲ့သလို jungkook လည်းကမောက်ကမဖြစ်နေပေမဲ့ သူ့ရဲ့စိတ်လှုပ်ရှားနေမှုကိုမပြသဘဲ တည်ငြိမ်ချင်ယောင်သာဆောင်ထားလိုက်သည်...အိပ်ရာပေါ်အသာချပေးရင်း...

"မင်းကိုယ်လက်သန့်စင်ချင်သေးလား"

"အင်း"

"ဒါဆို မင်းအရင်ချိုးလိုက် ကိုယ်လုပ်စရာတစ်ချို့ရှိသေးလို့"

       Taehyung ရေချိုးခန်းထဲဝင်ပြီး ရေချိုးလိုက်တယ်...သူတို့ wolf form နဲ့ပြေးလွှားဆော့ကစားခဲ့ကြသည်မဟုတ်လား..တစ်ကိုယ်လုံးသဲတွေနဲ့မို့ မသန့်ရှင်းလို့တော့မဖြစ်...တစ်ကိုယ်လုံးသန့်စင်ပြီး ထွက်လာတော့ jungkook က bathrobe ဝတ်ထားကာ laptop နဲ့အလုပ်လုပ်နေသည်...သူဝင်လာတော့ jungkook ကရေချိုးခန်းထဲဝင်သွားသည်...သူလည်းစာအုပ်လေးဖတ်နေလိုက်သည်...ရေချိုးပြီးထွက်လာတဲ့သူက bathrobe ကိုလျော့ရဲစွာစည်းထားပြီး ရေစက်များကရင်ဘက်တစ်ယောက်တွဲခိုနေသည်ကိုမြင်နေရသည်က အရမ်းဆွဲဆောင်လွန်းနေတာမို့ သူမျက်နှာကိုမနည်းလွဲလိုက်ရတယ်...ရုတ်တရပ်မြည်လာတဲ့ phone ကြောင့် jungkook ဆံပင်ရေစိုနေသည်ကိုပင်မသုတ်ဘဲ ဖုန်းပြောနေသည်....

You're my Luna ( Complete )Kde žijí příběhy. Začni objevovat