You're my Luna ( 26 )

2.8K 243 3
                                    

Unicode

           မနက်စောစောစီးစီး jeon စံအိမ်ကြီးကဆူညံလို့နေတယ်...သေချာတာတော့ထိုဆူညံမှုဟာ စိတ်ညစ်ထွေးစရာမဟုတ်ဘဲ ချစ်ခြင်းများဖြင့်ဆူညံပူဆာနေခြင်းပင်...

"Jeon လို့နော်နော်!အိမ်ထဲမှာကြီးပဲနေရတာအရမ်းပျင်းလာပြီ အပြင်ထွက်ပါရစေနော်!"

"Tae ကိုယ်အလုပ်ကပြန်လာရင် tae ကိုအဖော်ပြုပေးမယ်လေကွာ"

"မရဘူး jeon အလုပ်သွားရင် ဒီစံအိမ်ကြီးမှာ tae တစ်ယောက်တည်း..ဟင့်အင့်မနေချင်ဘူး"

"Taeကကွာမဆိုးစမ်းပါနဲ့ အထိန်းတော်တွေ အိမ်စေတွေရှိနေတာပဲလေ"

ချက်ချင်းမျက်နှာလေးညိုးငယ်ကာ ငြိမ်ကုတ်သွားသော taehyung ကြောင့် jungkook စိတ်ပူသွားရပြန်သည်..ဒီကောင်လေးပေါက်ကရတွေးနေတော့မယ်ဆိုတာ သူခန့်မှန်းမိပါတယ် ထို့ကြောင့် ချော့ရန် ကောင်လေးအားရင်ခွင်ထဲဆွဲသွင်းပြီး နဖူးလေးကိုတစ်ချက်နမ်းလိုက်တယ်...

"Tae အခုမှ heat ကာလပြီးတာလေ ကိုယ်စိတ်မချဘူး"

"Jeon ကလည်း tae က hoseok ကိုခေါ်သွားမှာလေ seokie တို့ကစိတ်ချရတဲ့လူ‌တွေပါ jeon ရယ်နော်!"

"ဟင်းးးးး"

         နောက်ဆုံး jungkook ကသာသက်ပြင်းလေးချပြီး လက်ခံလိုက်ရသည်...ချစ်ရသူရဲ့အလိုကျပဲပေါ့...

"ကိုယ့်စကားနားထောင်ရမယ်နော် အရေးကိစ္စကြုံရင် ကိုယ့်ကိုလှမ်းဖုန်းဆက်လိုက် hoseok ကိုလည်းကိုယ်ပြောထားတယ် သူ့စကားကိုလည်းနားထောင် အန္တရာယ်များတဲ့နေရာဆို မသွားနဲ့ hoseok ဖုန်းဆက်လှမ်းတိုင်ရင် ကိုယ်ချက်ချင်းလာခေါ်မှာနော် အဲ့အခါကျ အပြစ်ပေးခံရရင် ကိုယ့်ကိုအပြစ်မတင်နဲ့ hoseok အနားကဘယ်မှမခွာနဲ့ကြားလား "

      တတွတ်တွတ်မှာနေသော jungkook ကြောင့် taehyung ခေါင်းလေးတငြိမ့်ငြိမ့်လေးလုပ်ရင်းနားထောင်နေရသည်... jungkook အမှာစကားပြောနေသည်မှာ ထပ်ခါထပ်ခါပင်ရှိသော်ငှားအခုထိပြောလို့မပြီးသေးပေ...

"မဖြစ်သေးပါဘူး ကိုယ်ရံတော်တွေ.."

"ရတယ် jeon!tae jeon စကားလိုက်နာမှာမို့လို့စိတ်မပူနဲ့သိလား jeon ပြောထားတာတွေလည်း tae အကုန်မှတ်မိတာမို့ tae သွားပြီနော်"

You're my Luna ( Complete )Where stories live. Discover now