You're my Luna ( 17 )

2.8K 290 4
                                    

Unicode

"အမ်းးးး"

         မျက်လုံးမဖွင့်ရသေးခင်မှာပဲ ခေါင်းကတဆစ်ဆစ်ကိုက်နေခဲ့တယ်...ကျစ်!..သူမနေ့က အများကြီးသောက်မိသွားတာပဲ...ရုတ်တရပ် သူ့ခါးကိုရစ်ပတ်ထားတဲ့အရာတစ်ခု သူမျက်လုံးများဟာချက်ချင်းပြူးသွားရပြီး သူ့ခါးပေါ်ကအရာကိုကြည့်မိတော့ အဲ့တာကလက်တစ်ဖက်ပဲ...

!!!

        သူ့ဘေးကိုမရဲတရဲလှည့်ကြည့်မိတော့ အေးအေးချမ်းချမ်းအိပ်စက်အနားယူနေတဲ့ Park jimin အပေါ်ပိုင်းဗလာနဲ့....မဟုတ်ဘူးမလား ဒီအတိုင်းဖက်အိပ်နေကြတာမလား..စိတ်လျော့ jung hoseok စိတ်ကိုလျော့...လက်ကိုအသာဖယ်တော့ ရုတ်တရပ်သူ့ဘက်အတင်းပြန်ဆွဲလာတော့ လူကအင့်ခနဲပါသွားတာ...ထိုအခိုက်နာကျင်သွားသောနေရာ....

"Park Jimin!!!!!!!!!"

      သည်းမခံနိုင်တော့သည်မို့ အော်ထည့်လိုက်တော့ အလန့်တကြားကပျာကရာထလာတာ....

"မင်း!!!လူယုတ်မာ!!သွားစမ်း!!ငါ့အိမ်ကအခုချက်ချင်းထွက်သွား!!!!"

.
.
.
.
.
.
.
.
.
.
.
.
.
.
.

"Hoseok ရယ် သူရှင်းပြနေတာပဲလေ တမင်တကာလုပ်တာမှမဟုတ်တာ မင်းနားလည်ပေးလိုက်ပါ"

"ဘာကိုနားလည်ရမှာလဲ!!အဲ့ကောင် သူတမင်ကြံစည်ထားတာ!!"

"ဟင်းးးးမတော်တဆဖြစ်ဖြစ်တမင်တကာဖြစ်ဖြစ် ဖြစ်ပြီးပြီလေ"

"ဟင့်အင်း taehyung!!ငါ့ကိုအဲ့ကောင်ဘယ်လို.."

"Hoseokie~ကအခုလိုဆိုတော့လည်း ကျွန်တော်အနစ်နာခံပါ့မယ်~"

"......"

"Hoseokie~တာဝန်မယူလည်းရပါတယ် ဒါကတစ်ညတာအမှားတစ်ခုပါပဲ~"

        မျက်ရည်ဘူးသီးလုံးလောက်ကျကာ အပီအပြင်သရုပ်ဆောင်နေသော jimin ကြောင့် hoseok မတရားခံရလိုခံစားလိုက်ရတယ်...အခုနစ်နာတာက သူလေ ဘာကိစ္စနဲ့ ဟိုကောင်ကငိုနေရတာလဲ...အခုထိငါ့ဖင်သာမနာဘူးဆိုရင် ငါအနိုင်ကျင့်မိတယ်လို့တောင်ငါထင်မိမယ်....

"Hoseokie စဥ်းစားပါဦးလား ဟိုက alpha ဆိုပေမဲ့ ငါတို့ရှေ့မှာတောင်မျက်ရည်ကျနေတာဆိုတော့ တကယ်နေမှာပါ သူ့ကိုကြည့်ရတာစိတ်ထားနုညံ့တဲ့ပုံပဲ"(တီးတိုးပြော)

You're my Luna ( Complete )Where stories live. Discover now