You're my Luna ( 7 )

3.4K 355 2
                                    

Unicode

Hoseok ကောင်မလေးတစ်ယောက်အားသွားကြိုရန် company တစ်ခုရှေ့ကိုရောက်နေသည်....ဒီကောင်မလေးကသူနဲ့တွဲနေတာ ၁ ပတ်ရှိပြီဖြစ်ပြီး သူစိတ်တိုင်းကျသည့်အတွက် ဆက်တွဲဖို့လည်းဆုံးဖြတ်ထားသည်.....

ခန်းနားလှတဲ့ company တစ်ခုရဲ့ကားပါကင်တစ်ခုမှာ ပြိုင်ကားအနီလေးက ထင်ရှားနေသည်...ထင်းနေသည်မို့ jimin မျက်လုံးထဲ ထိုကားနီလေးဝင်ရောက်လို့လာတယ်...ကြည့်နေရင်းကားနီလေးထဲမှထွက်လာတဲ့ကောင်လေးက ဟိုတစ်နေ့ကကောင်လေးဖြစ်နေသည်မို့ ကားထဲမဝင်သေးဘဲရပ်ကြည့်နေတော့ တစ်ဖက်ကချစ်စရာကောင်းတဲ့မိန်းကလေးတစ်ယောက်ထိုကားနားရောက်လာပြီး ကောင်လေးနဲ့ရင်းနှီးစွာစကားပြောနေသည်....ဒီတော့ကောင်လေးက ချစ်ဖို့ကောင်းတဲ့ကောင်မလေးတွေကို သဘောကျတာလား....

အဲဲ့ဒီနောက် jimin ကားနက်ထဲသာဝင်သွားလိုက်သည်...အရှေ့ခန်းမှာထိုင်နေတဲ့ ဒါရိုက်ဘာအား သူအချက်ပြလိုက်တာနဲ့ချက်ချင်းကားကိုထွက်ခွာလိုက်တယ်...ဒီ company ကသူ့သူငယ်ချင်းရဲ့ company ဖြစ်ပြီး ကိုယ်ကလည်း ရှယ်ယာဝင်ထားသူမို့ အစည်းအဝေးကိုလာတက်ရောက်တာဖြစ်တယ်...ဒါပေမဲ့ မမျှော်လင့်စွာနဲ့ပဲကောင်လေးကိုထပ်တွေ့ခဲ့တယ်.....

" သခင်လေး သခင်မကြီးက အိမ်ကိုလာစေချင်ပုံပေါ်တယ်"

"အမေကလား....ဘာအတွက်လဲ"

"ကျွန်တော့်အထင် သူကသခင်လေးကို ချွဲမိသားစုက သမီးအကြီးဆုံးနဲ့ညစာအတူစားစေချင်ပုံပဲ"

"ငါသိပြီ...သွားကြတာပေါ့"

" ဟုတ်ကဲ့ပါ သခင်လေး"


ခမ်းနားတဲ့စားသောက်ဆိုင်တစ်ခုတွင်ဖြစ်ပြီး ဒီစားသောက်ဆိုင်က မြို့ထဲကကောင်းဆုံး top 10 စာရင်းဝင်ပင်...ချမ်းသာသူများသာလာနိုင်ပြီး ဆင်းရဲသူများအနားပင်မကပ်နိုင်သောနေရာတစ်ခုဆိုလည်းမမှား...အစားအသောက်များကလည်းတကယ်ကိုအဆင့်အတန်းရှိပြီး အရသာရှိလှသည် သို့သော်ထိုအရာများကအလှကိုသာပိုပုံဖော်ထားသည်မို့ ခံတွင်းတွေ့ရုံလောက်သာစားရသည်.....

"Suyoung လေးကဓာတ်ပုံထဲကထက်တောင်ပိုလှပြီး ယှဥ်ကျေးတယ်...ငါ့မှာသာဒီလိုသမီးလေးရှိရင်သိပ်ကောင်းမှာပဲအခုတော့ငါ့ကိုပစ်ထားတဲ့သားတစ်ယောက်ပဲရှိတယ်"

You're my Luna ( Complete )Tahanan ng mga kuwento. Tumuklas ngayon