Part 5

1.3K 94 5
                                    

*ဒဿကျွန်တော်…………စင်ဒရဲလားသူမ………*

ရင်နင့်စောင့်နေတုန်းကိုကိုကြီးပြန်လာသည်။
ကိုကိုကြီးကားနားကိုပြေးသွားရင်းတံခါးဖွင့်ပေးလိုက်ပြီး။

"ကိုကိုကြီး ဘာလို့နောက်ကျနေတာလဲ"

"အလုပ်ကိစ္စမပျက်လို့ကြာသွားတာရင်နင့်
ပြောဘာတွေချွဲအုံးမလို့လဲ"

"ချွဲပါဘူး ကိုကိုကြီးလာမှထမင်းစားမလို့စောင့်နေတာ
ဗိုက်တောင်တော်တော်ဆာနေပြီ"

"ဆာနေတာစားပါလားရင်နင့်ရယ်
ကိုကိုကြီးကိုစောင့်နေရလား တော်ကြာဗိုက်အောင့်နေမှဖြင့်"

"ရပါတယ် လာအိမ်ထဲဝင်ရအောင်
ပေးကိုကိုကြီးအိတ်"

"အင်း"ရင်နင့်အိတ်ကိုတဖက်ကကိုင်ပြီး
တစ်ဖက်ကကိုကိုကြီးလက်ကိုတွဲထားသည်

သူမဗိုက်ဆာနေသည်မို့မာန်အဝတ်စားပင်မလဲတခါထဲထမင်းစားခန်းထဲဝင်ခဲ့သည်
မဝင်းကအဆင်သင့်ပြင်ပေးထားသည်မို့
မာန်နဲ့ရင်နင့်အဆင်သင့်စားယုံသာ

"ရင်နင့် သဘက်ခါကိုကိုကြီး ကိုရီးယားသွားစရာရှိတယ်
ဘာမှာအုံးမလဲ"

"Park Chan Yeolနဲ့Doh Kyung Soo ဝယ်ခဲ့"

"အရူးမ"မာန်ပြောပြီးရယ်လိုက်မိသည်
ရင်နင့်ကK-pop အဖွဲ့တွေကိုသဘောကျသည်
အထူးသဖြင့်သူမEXOအဖွဲ့ကိုအသဲစွဲဖြစ်သည်
သူမပျော်သလိုနေစေချင်တာမို့မာန်မတားဆီးပါ

"ကိုကိုကြီးနော် သူပဲမှာချင်တာမှာဆို"

"ရင်နင့်ကလဲအဲ့ကောင်လေးတွေကဝယ်လို့မှမရတာ
ဝယ်လို့ရရင်တစ်ဖွဲ့လုံးကိုဝယ်ပေးမှာပေါ့"

"ကိုကိုကြီး ရင်နင့်လိုက်ချင်တယ်"

"ရင်နင့်ကကျောင်းမှမပိတ်တာဘာလို့လိုက်မှာလဲ"

"ကျောင်းမပိတ်လဲခွင့်ယူမှာပေါ့
ကိုကိုကြီးကအကြာကြီးနေမှာလား"

"မနေပါဘူးသုံးလေးရက်ပဲ"

"အဲ့ဒါဆိုရင်နင့်လိုက်မယ်"

"ဘန်ကောက်သွားမှလိုက်ပါလားရင်နင့်ရယ်
ကျောင်းပျက်မှာစိုးလို့ပါ"

ဒဿ...ကျနော် စင်ဒရဲလား...သူမ/ဒႆ...က်ေနာ္ စင္ဒရဲလား...သူမWhere stories live. Discover now