*ဒဿကျတော်…စင်ဒရဲလားသူမ…*
ရွှေမင်းသားကျောင်းပေါက်တွင်ရင်နင့်ပန်းလာမည်အထင်နှင့်စောင့်နေသည် ခွင့်ယူတာလဲတစ်ရက်လောက်ပဲဖြစ်မယ်ထင်ထားလို့ပါ
"ကိုရွှေမင်းသား"
"ဗျာ"ရင်နင့်ပန်းသူငယ်ချင်းတွေဖြစ်သည်
"ကျောင်းထဲမဝင်ဘဲဘာလုပ်နေတာလဲဟင်"
"အော်ဘာမှမလုပ်ပါဘူး
ဒါနဲ့မင်းတို့သူငယ်ချင်းရင်နင့်ပန်းမပါဘူးလား""မပါဘူးရင်နင့်ကခရီးသွားတယ်လေ
နောက်2ရက်လောက်မှရောက်မယ်ထင်တယ်
ဘာဖြစ်လို့လဲဟင်""ဘာမှမဟုတ်ပါဘူးသူကဘယ်ကိုသွားတာလဲ"
"အဲ့ဒါတော့မသိဘူးရှင့်"
"အော် သူ့phကိုယ့်ကိုပေးလို့ရမလား
ကိုယ်သူနဲ့ပြောစရာလေးရှိလို့""ဟုတ်"ချာတိတ်မလေးတွေကချင်ချင်းph noပေးကြသည်
"ကျေးဇူးပဲမင်းတို့ကျောင်းထဲဝင်ကြတော့လေ
ကိုယ်လဲခဏနေဝင်မှာ""ဟုတ်"
ကောင်မလေးတွေကျောင်းထဲဝင်သွားကြသည်
သူတို့သွားမှခုနကရထားသောရင်နင့်ပန်းph noကိုcontactsထဲထည့်မှတ်လိုက်သည်
မှတ်ထားသည့်နာမည်က"တိုက်ဂေါ"ဟုဖြစ်လေသည် 💛💛
မာန်နဲ့ရင်နင့်ကိုရီးယားရဲ့အထင်ကရနေရာတွေကိုသွားဖြစ်သည်
လှပလွန်းသည့်နေရာမှန်သမျှရင်နင့်ကိုလိုက်ပို့ဖြစ်သည်
မြို့ပတ်ရထားနဲ့မို့နေရာတော်တော်များများရောက်ခဲ့သည်
မြန်မာစံတော်ချိန်အားဖြင့်နေ့လည်1နာရီကျော်ခန့်တွင်
ဟန် မြစ်ဘေးကိုရောက်လာခဲ့ကြသည်"ကိုကိုကြီး ဒါတကယ်ဟန်မြစ်ကမ်းလား"
"အင်း"
"Dramaကားတွေထဲအမြဲလိုလိုပါတဲ့ဟန်မြစ်ပေါ့
ဟားးးပျော်စရာကြီး"ရင်နင့်ကမြစ်ကမ်းဘေးတွင်လက်ဖက်ကိုဆန့်တန်းနေသည်
မာန်ဘေးတိုက်အနေအထားအတိုင်းဓာတ်ပုံရိုက်ယူထားလိုက်သည်"ကိုကိုကြီး ဟန်မြစ်ထဲမှာသင်္ဘောစီးလို့ရလား"
"ရတာတော့ရပါတယ်"