Part 22

1.1K 67 1
                                    


*ဒဿ ကျွန်တော်………စင်ဒရဲလားသူမ………*

"ရင်နင့် ကိုကိုကြီးကိုရှက်တဲ့စိတ်ကြောင့်
အမှန်တရားကိုဖုံးကွယ်မထားပါနဲ့ ပြီးတော့ကိုကိုကြီးအတွက်ဘာမှထည့်မတွေးပါနဲ့
ရင်နင့်နဲ့ဗိုက်ထဲကလေးလေးအဆင်ပြေဖို့အတွက်ပဲတွေးပါ
ကျေးဇူးပြုပြီးရင်နင့်အတွက်တာဝန်ရှိသူကရွှေမင်းသားမဟုတ်ရင်
တခြားဘယ်သူလဲဆိုတာ
ကိုကိုကြီးကိုပြောပြပါ ဘယ်လိုလူမျိုးပဲဖြစ်နေပါစေ
ရင်နင့်ကိုလက်ထပ်ဖို့ကိုကိုကြီးတောင်းပန်မယ်"

"ရင်နင့်မပြောပါရစေနဲ့ကိုကိုကြီးရယ်
ကိုကိုကြီးလဲရင်နင့်အတွက်ဘာမှလုပ်မပေးပါနဲ့နော်
ရင်နင့်ဖြစ်တည်နေတဲ့ဘဝမှာပဲနေချင်တယ်"

"ကလေးအတွက်ထည့်တွေးပါရင်နင့်ရယ်
သူ့ကိုတောင်ပံမစုံတဲ့ဘဝထဲဆွဲခေါ်ချင်လို့လား"

"သူ့မှာတောင်ပံစုံပါတယ်ကိုကိုကြီး
ဒီကလေးရဲ့အဖေကဘယ်သူလဲဆိုတာရင်နင့်သိပါတယ်"

"ကိုကိုကြီးလဲသိဖို့လိုအပ်တယ်ရင်နင့်"

"အချိန်မတန်သေးလို့ပါအချိန်တန်ရင်ကိုကိုကြီးကိုဖွင့်ပြောမှာပါ
ကလေးအတွက်ရောရင်နင့်အတွက်ရောစိတ်မပူပါနဲ့"

"စိတ်မပူလို့မရလို့ပေါ့ရင်နင့်ရယ်
ရင်နင့်နဲ့ပတ်သက်ရင်ကိုကိုကြီးရဲ့ခံစားချက်တွေကိုရင်နင့်အသိဆုံးပါ
ရင်နင့်ဘဝဖြူ စင်နေတုန်းကပဲကိုကိုကြီးချစ်တာမဟုတ်ဘူး
ရင်နင့်ဘယ်လိုဘဝပဲဖြစ်ဖြစ်ကိုကိုကြီးချစ်တယ်
ဖြစ်နိုင်မယ်ဆို……မဖြစ်နိုင်တာတော့မရှိပါဘူး
အထူးသဖြင့်ရင်နင့်လက်ခံမယ်ဆိုရင်
ကိုကိုကြီးရင်နင့်ကိုလက်ထပ်မယ်"

"ဟင့်အင်း ရင်နင့်လက်မခံဘူးကိုကိုကြီး
ကိုကိုကြီးအချစ်ကိုစော်ကားခဲ့တဲ့ရင်နင့်ကကိုကိုကြီးနဲ့မထိုက်တန်ပါဘူး"

"ဒီအချိန်ကပြီးခဲ့တာတွေကိုပြန်ပြောနေရမဲ့အချိန်မဟုတ်ဘူးရင်နင့်
အားလုံးအဆင်ပြေစေဖို့ရင်နင့်လက်ခံမှဖြစ်မှာ"

"ရင်နင့်လက်မခံပါရစေနဲ့ လောကကြီးမှာရင်နင့်သိချင်တာတွေ
ဖြစ်ချင်တာတွေ အထူးသဖြင့် ရင်နင့်လိုချင်တဲ့အရာကိုမရမချင်း
ရင်နင့်လက်မထပ်ဘူး ကိုကိုကြီးအချစ်ကိုစော်ကားခဲ့လို့ရရှိလာမဲ့အပြစ်ဒဏ်နဲ့အတူ
ရင်နင့်လိုချင်တဲ့ဆုလာဘ်ကိုမရမချင်း ကိုကိုကြီးနဲ့လက်မထပ်ဘူး"

ဒဿ...ကျနော် စင်ဒရဲလား...သူမ/ဒႆ...က်ေနာ္ စင္ဒရဲလား...သူမWhere stories live. Discover now