Part 21

1K 70 2
                                    

*ဒဿ ကျွန်တော်………စင်ဒရဲလားသူမ………*

"ဒေါက်……ဒေါက်……"

"ဘယ်သူလဲမဝင်းလား"မာန်အိပ်ယာဝင်မှတံခါးခေါက်သံကြားရသည်
ဘယ်သူလဲမေးနေပေမဲ့ဘာမှပြန်မဖြေ အပြင်ကတိတ်ဆိတ်နေသည်
မာန်ခုတင်ပေါ်ကထလာပြီးတံခါးကိုဖြေးဖြေးချင်းဖွင့်ကြည့်လိုက်သည်
မာန့်အခန်းကိုကျောခိုင်းကာလှေကားစီဦးတည်နေသောရင်နင့်

"ရင်နင့်"မာန်သူမနောက်ကိုပြေးလိုက်ပြီး
အနောက်ကနေသူမကိုသိုင်းဖက်ထားလိုက်သည်

"ရင်နင့်ရယ်ထပ်ပြီးထွက်မသွားပါနဲ့တော့နော်
ကိုကိုကြီးကိုမထားခဲ့ပါနဲ့တော့"

"အဟင့်……"

"ဟင် ရင်နင့်ငိုနေတာလား
ဘာဖြစ်လို့လဲရင်နင့်ရယ် ရင်နင့်ဘာကိုဝမ်းနည်းနေတာလဲ
အခုအချိန်မှာရင်နင့်ဝမ်းနည်းဖို့မလိုတော့ဘူးလေ
အားလုံးပြီးဆုံးတော့မှာပါရင်နင့်အတွက်ပျော်ရွှင်စရာတွေရောက်လာတော့မှာပါ"

"ကိုကိုကြီး ရင်နင့်ကိုသတ်လိုက်ပါလားဟင်
ရင်နင့်အသက်ဆက်မရှင်ချင်တော့ဘူး
ရင်နင့်ရှင်သန်နေရင်ကိုကိုကြီးကိုခံစားရအောင်ထပ်လုပ်မိနေလိမ့်မယ်
ကိုကိုကြီးနာကျင်နေရလိမ့်မယ်"

"ကိုကိုကြီးမနာကျင်ပါဘူးရင်နင့်ရယ်
ကိုကိုကြီးပြောဖူးတယ်လေ ရင်နင့်ကကိုကိုကြီးရဲ့လမင်းတစ်စင်း
ကိုကိုကြီးရဲ့စင်ဒရဲလားလေးလေ ထပ်ပြီးမငိုပါနဲ့တော့မင်းသမီးလေးရယ်"

မာန်သူမကိုမျက်နှာချင်းဆိုင်ဖြစ်အောင်လှည့်လိုက်သည်
ထို့နောက်သူမမျက်ရည်စများကိုနမ်းရှိုက်လိုက်သည်
သူမကိုထပ်ပြီးမငိုစေချင်တော့သူမမျက်ရည်တွေမြင်နေရရင်မာန့်နှလုံးသားကသေလောက်အောင်နာကျင်သည်

"ရင်နင့်ကိုကိုကြီးကိုဘာပြောစရာရှိလို့လဲ"

"မရှိတော့ပါဘူး"

"အင်း ဒါဆိုအိပ်တော့နော်"

"ကိုကိုကြီးရင်နင့်ကိုပုံပြင်ပြောပြပေးနိုင်မလားဟင်"

"ရင်နင့်နားထောင်ချင်ရင်ကိုကိုကြီးပြောပြမှာပေါ့"

မာန်သူမကိုသူမအခန်းစီပြန်ခေါ်လာခဲ့သည်
မွေ့ယာထက်တွင်သူမကိုအိပ်စေပြီးသူမလက်လေးကိုဆုပ်ကိုင်ထားလိုက်သည်
လက်တစ်ဖက်ကသူမနဖူးကဆံနွယ်လေးတွေကိုပွတ်သပ်ပေးရင်း
သူမအကြိုက်ဆုံးစင်ဒရဲလာပုံပြင်လေးပြောပြလိုက်သည်

ဒဿ...ကျနော် စင်ဒရဲလား...သူမ/ဒႆ...က်ေနာ္ စင္ဒရဲလား...သူမWhere stories live. Discover now