Part 1

6.4K 192 5
                                    

*ဒဿ ကျွန်တော်………စင်ဒရဲလားသူမ*

"ဒုန်း……ခွမ်း……"

အိမ်ငယ်လေးအတွင်းဝယ်သံစုံတီးဝိုင်းမြည်နေသည်
ထိုအသံများသည်နားထောင်လို့တော့မကောင်းလှသို့သော်နားယဉ်နေသည်

ငွေ ငွေ ငွေ ငွေမှငွေဖြစ်နေသောမိခင်ဒေါ်ငွေဘုံဆင့်
မနက်အိပ်ယာထ ညအိပ်ယာဝင်ထမင်းစားရေသောက်
ရှိသမျှအချိန်တိုင်းကဒေါ်ငွေဘုံဆင့်ငွေရဖို့ကိုသာတွေးတောနေသည်

ယခုလဲမွေးသမိခင်သည်အလုပ်တစ်ခုကိုလုပ်ခိုင်းနေသည်
ငြင်းနေမိသောကြောင့်မွေးသမိခင်ပွဲကြမ်းနေတာဖြစ်သည်

ဒေါ်ငွေဘုံဆင့်၏တစ်ဦးတည်သောသား
အရမ်းအားကိုးရသောသား……လူချောလေးရွှေမင်းသား
သူ့ကိုအသုံးချ၍ငွေရနိုင်မည့်အလုပ်တစ်ခုကိုတွေ့ထားသည်
ရုပ်ရှိရေလျှံ အဖော်မရှိသူဌေးမကြီးတစ်ဦးစီကိုပို့ရန်……

ဒီအလုပ်တွေကသားတော်မောင်လုပ်နေကျတွေမို့
အထွေအထူးပြောပြနေစရာမလို……
ငွေမျိုးမျိုးမျက်မျက်ရတာနဲ့ပွဲသိမ်း……
ဒီနည်းဖြင့်သားအမိနှစ်ယောက်ကျင်လည်ကျတ်စားလာခဲ့သည်မှာ
ရွှေမင်းသား 16နှစ်အရွယ်ထဲကဖြစ်သည်
ယခုရွှေမင်းသားသည် အသက်21 တတိယနှစ်ကျောင်းသား……
လိမ်မာပါးနပ်သည် မိခင်စိတ်ငြိုငြင်အောင်ဘယ်သောအခါမှမလုပ်
ကိုယ်မွေးထားသောသားပေမို့သားအကြောင်းဒေါ်ငွေဘုံဆင့်ကောင်းကောင်းသိသည် သားကိုဘယ်နည်းနဲ့ကိုင်တွယ်ရမလဲဆိုတာခေါင်းထဲလျစ်ခနဲ့ရောက်လာတက်သည်

"သားသား……"ဝုန်းဒိုင်းကြဲနေရာကနေသားထိုင်နေသည့်အနားလာခဲ့သည်

"မာမီ သားကိုလာမချော့နဲ့နော်
သားတကယ်မလုပ်ချင်ဘူး
အရင်လိုချောချောလန်းလန်းလေးတွေပဲရှာပါမာမီရယ်
အဲ့ဒါဆိုသားလဲအဆင်ပြေ မာမီလဲငွေရ"

"သားသားရယ်……အခုတစ်ယောက်ကအရင်ကဟာတွေထက်
ရေလျှံတယ် သားသားသာချုပ်နိုင်
တချီထဲနဲ့မာမီတို့သားမိထိုင်စားလို့ရနိုင်တယ်"

"ဒါပေမဲ့မာမီရယ် မာမီပြောတဲ့အဘွားကြီးကမာမီလောက်ရှိတယ်လေ
ဒါကြီးကိုသားဘယ်လိုလုပ် feel လာနိုင်ပါ့မလဲ"

ဒဿ...ကျနော် စင်ဒရဲလား...သူမ/ဒႆ...က်ေနာ္ စင္ဒရဲလား...သူမWhere stories live. Discover now