Part 15

1.1K 72 5
                                    

*ဒဿ     ကျွန်တော်………စင်ဒရဲလားသူမ………*
*

ကြမ်းပြင်ပေါ်တွင်ကျနေသည့်ပုံတွေထဲကပုံတစ်ပုံကို
ရင်နင့်ကောက်ယူကြည့်လိုက်သည်

"ကြည့်မင်းသေချာကြည့်မင်းနဲ့မင်းအကောင်ရဲ့ပုံတွေ
မင်းကိုအဲ့ဒီကောင်နဲ့တွဲတွေ့တိုင်းငါ့ရင်တွေကွဲမတက်ခံစားရတာ
အဲ့ဒီကောင်မဟုတ်ဘဲတခြားသူနဲ့သာဆိုငါမင်းကိုခွင့်ပြုပေးနိုင်တယ်
ငါရင်ကွဲခံနိုင်တယ်"

"ကိုကိုကြီးကဒီပုံတွေဘယ်လိုလုပ်ရတာလဲ"ကျောင်းမှာတွေ့တဲ့ရင်နင့်နဲ့ရွှေမင်းသား၏ပုံများ

"ငါကမင်းကိုဒီတိုင်းလွှတ်ထားတယ်ထင်နေတာလား
မင်းကိုစိတ်မချလို့အထူးသဖြင့်ယောကျာ်းပိုင်းလုံးမင်းကောင်ကိုငါမယုံလို့"

"ကိုကိုကြီးသူ့ကိုအဲ့လိုမပြောပါနဲ့
ရင်နင့်မကြိုက်ဘူးသူကကိုကိုကြီးထင်နေသလိုယောကျာ်းပိုင်းလုံးလဲမဟုတ်ဘူး သူရင်နင့်စီကဘာတစ်ခုမှမတောင်းဘူးသူကရင်နင့်ကိုချစ်တာ
ကိုကိုကြီးသာစိတ်ထင်ရာလျှောက်ပြောနေတာ
အသက်ရှူ တာချင်းတူပေမဲ့လူချင်းမတူဘူးကိုကိုကြီး"

"အေးမင်းပြောသလိုလူချင်းမတူဘူးမှန်တယ်
ချစ်တဲ့အချစ်ချင်းလဲလုံးဝမတူဘူး
မင်းနားလည် မင်းကိုငါ့လောက်ဘယ်သူမှမချစ်နိုင်ဘူး
အဲ့ကောင်မင်းကိုချစ်တယ်ဆိုတာအတုအယောင်တွေ"

"သူ့အချစ်ကတော့အတုအယောင်ကိုကိုကြီးအချစ်ကတော့စစ်တယ်ပေါ့လေ ဒါလားရင်နင့်ကိုချစ်တာ ချစ်တယ်ဆိုရင်နားလည်ပေးရမှာပေါ့
ရင်နင့်ဖြစ်ချင်တဲ့အတိုင်းဖြစ်ခွင့်ပေးရမှာပေါ့"

"ငါ့ဘဝတစ်လျှောက်လုံးရောနောင်ကျန်ရှိတဲ့ဘဝရဲ့အချိန်တွေရော
အားလုံးမင်းအတွက်ချည်းပဲ မင်းကိုချစ်လို့ မင်းရည်းစားနဲ့ခွင့်ပြုမယ်လို့
မင်းမထင်နဲ့မှားသွားလိမ့်မယ် ပေးဆပ်အချစ်နဲ့ချစ်ရအောင်
အဲ့ဒီကောင်ရဲ့အချစ်ကမင်းနဲ့မတန်ဘူး လုံးဝပဲငါမင်းကိုအဆုံးရှုံခံဖို့စိတ်ကူးမရှိဘူး"

"ဦးမာန်ဟုန်ခွင်း"
ကိုကိုကြီးကိုနာမည်အပြည့်အစုံခေါ်တာဒါပထမဦးဆုံးပါပဲ
ကိုကိုကြီးကရင်နင့်ကိုစကားပြောခွင့်မပေးဘဲသူပြောချင်တာတွေသာဆက်ပြောသည်

ဒဿ...ကျနော် စင်ဒရဲလား...သူမ/ဒႆ...က်ေနာ္ စင္ဒရဲလား...သူမWhere stories live. Discover now