Part 24 Final

3.8K 108 4
                                    

*ဒဿ ကျွန်တော်………စင်ဒရဲလားသူမ………*

မနက်ဖန်ဆိုရင်နင့်အသက်25ပြည့်ပြီဖြစ်သည်
ဘဝတစ်ဆစ်ချိုးသာမပြောင်းခဲ့ရင်မနက်ဖန်အတွက်အပျော်ဆုံးသူဟာ
ကိုကိုကြီးဖြစ်လိမ့်မည်
ကိုကိုကြီးအတွက်တွေးကာရင်နင့်ဝမ်နည်းလာမိသည်
သားမိနှစ်ယောက်အိမ်အပြင်ဒန်းပေါ်မှာထိုင်နေကြသည်
သမီးလေးကစကားမပီတပီဖြင့်_

"မေမေ…မီးမီဗိုက်ဆာတယ်"

"ဆာနေပြီလား ခဏနေစားကြမယ်လေ
အန်ကယ်ကြီးပြန်မလာသေးဘူး စောင့်အုံးမယ်လေ"

"ဟုတ် မေမေငိုနေတာလား"

"မငိုပါဘူးသမီးရယ်"

"မီမီးဖေဖေကိုတွေ့ချင်တယ်မေမေ
ဖေဖေကဘယ်မှာလဲဟင်"

"ရှိပါတယ်သမီးရယ်"

ဖခင်ကိုမေးနေသည့်သမီးလေးကိုရင်ခွင်ထဲထည့်ထားမိသည်
ထိုစဉ်ခြံထဲသို့ကိုကိုကြီးကားဝင်လာသည်
ရင်နင့်ဖက်ထားသည့်သမီးလေးကဒန်းပေါ်ကအပြေးဆင်းကာကိုကိုကြီးကိုသွားကြိုသည်

"အန်ကယ်ကြီး"

"သမီးလေး"မာန်အလုပ်ကပြန်လာတာဆိုပေမဲ့မမောနိုင်
မီးမီးကိုကောက်ချီလိုက်သည်
မီးမီကမာန့်အတွက်အမောပြေလေးပါ
မာန့်ပေါ်ရောက်သည့်နှင့်မီးမီးကမာန့်ပါးကိုမွေးမွေးပေးသည်
ရင်နင့်အငယ်စားလေးကိုပြန်သတိမိသည်
မာန်ကျောင်းကပြန်လာပြီဆိုသူမထိုသို့နမ်းတက်သည်လေ
သူမရဲ့သမီးလေးကလဲသူမတုန်းကအတိုင်းပင်
မာန်အလုပ်သွားအလုပ်ပြန်နေ့စဉ်အနမ်းပေးသည်
မာန့်အတွက်ရိုးမသွားသောအနမ်းပွင့်လေးတွေဖြစ်သည်

"သမီးရယ် အန်ကယ်ကြီးကပင်ပန်းလာတာလေ
သမီးကိုချီကတော့ပိုပင်ပန်းမှာပေါ့"

"မဟုတ်တာရင်နင့်ရယ်ကလေးကိုစိတ်မကောင်းမဖြစ်အောင်မပြောပါနဲ့
ကိုကိုကြီးပင်ပန်းလာတယ်ဆိုရင်တောင်
မီးမီးနဲ့ရင်နင့်ကိုမြင်ရင်ပျောက်သွားပြီ"

"ကိုကိုကြီးနော်သမီးကိုအဲ့လိုအလိုလိုက်လို့
သမီးကရင့်နင့်ထက်ကိုကိုကြီးကိုပိုချစ်နေတာ"

"ဟုတ်လားမီးမီး
မီးမီးကမေမေ့ထက်အန်ကယ်ကြီးကိုပိုချစ်တာလား"

🎉 You've finished reading ဒဿ...ကျနော် စင်ဒရဲလား...သူမ/ဒႆ...က်ေနာ္ စင္ဒရဲလား...သူမ 🎉
ဒဿ...ကျနော် စင်ဒရဲလား...သူမ/ဒႆ...က်ေနာ္ စင္ဒရဲလား...သူမWhere stories live. Discover now