Part 6

1.1K 83 3
                                    

*ဒဿကျွန်တော်………စင်ဒရဲလားသူမ………*

Hotelမှလာချပေးသောကိုရီးယားအစားအစားများကိုရင်နင့်အဝဆွဲလိုက်သည် ကိုကိုကြီးကတော့ဘာမှမစား
စားပြီးမှကိုကိုကြီးနဲ့အတူသူ့မိတ်ဆွေရှိတဲ့အခန်းစီလာခဲ့ကြသည်

"ညီမလေးကမမနဲ့တစ်ခန်းနေနော်
မာန်ကတစ်ခန်း ကျန်တဲ့နှစ်ယောက်ကတစ်ခန်း
အဆင်ပြေတယ်မို့လား"

မေထိပ်ထားကအခန်းသုံးခန်းကိုစီစဉ်ထားသည်
မာန်တို့အားလုံးအဆင်ပြေသည်
အဆင်မပြေတာကရင်နင့် မျက်နှာရှုံ့မဲ့နေသည်
ရင်နင့်အကြောင်းမာန်အသိဆုံး
သူမတခြားသူတွေနဲ့တစ်ခန်းထဲအတူမနေတက်
အခုမှသိတဲ့မေထိပ်ထားနဲ့ဆိုတော့ပိုဆိုးသည်

"ကိုကိုကြီး ရင်နင့်ကိုကိုကြီးအခန်းမှာနေမယ်
ဒီကမမနဲ့ရင်နင့်နေတက်မှာမဟုတ်ဘူး"

"ဘာဖြစ်လို့လဲညီမလေးရဲ့အားနာစရာမလိုပါဘူး
ညီမလွတ်လွတ်လပ်လပ်နေလို့ရတယ်"

"ဟုတ် ရင်နင့်ကသူစိမ်းလူတွေနဲ့မနေတက်လို့ပါ"

"မမကသူစိမ်းမဟုတ်ပါဘူးညီမလေးအကိုမာန်နဲ့မိတ်ဆွေတွေပါ
ညီမလေးကိုကိုက်မစားပါဘူး ဟင်း. .ဟင်း"

မေထိပ်ထားကောင်မလေးကိုကြည့်ကာပြုံးမိသည်
ဖြူ ဖြူ စင်စင်လေးပွင့်ပွင့်လင်းလင်းပြောနေသည်

"ရပါတယ်မမထိပ်ထား ရင်နင့်ကိုကျနော့်အခန်းပဲခေါ်သွားလိုက်မယ်
မမထိပ်ထားတစ်ယောက်ထဲနေပါ"

"အင်း မာန်တို့မောင်နှမနှစ်ယောက်အဆင်ပြေသလိုလုပ်ပါ
ဒါဆိုအလုပ်ကိစ္စသွားဖို့တို့ပြင်ဆင်လိုက်အုံးမယ်"

"ဟုတ်ကဲ့မမထိပ်ထား"

မေထိပ်ထားသူမအခန်းထဲဝင်သွားသည်မာန်တို့အားလုံးကိုယ့်အခန်းကိုဝင်ခဲ့ကြသည်
မာန့်နောက်ကရင်နင့်ပါးစပ်ကပွစိပွစိလုပ်နေသည်

"ကိုကိုကြီးကလဲ အစထဲကရင်နင့်နဲ့တစ်ခန်းနေမယ်လို့ပြောလိုက်တာမဟုတ်ဘူး
ရင်နင့်ကငြင်းရတော့မမေထိပ်ထားကိုအားနာစရာ"

"ကိုကိုကြီးကရင်နင့်မိန်းကလေးချင်းနေမယ်ထင်လို့ပါ"

"မမေထိပ်ထားနဲ့ကအခုမှသိတာလေ
မနေချင်ပါဘူး"

ဒဿ...ကျနော် စင်ဒရဲလား...သူမ/ဒႆ...က်ေနာ္ စင္ဒရဲလား...သူမWhere stories live. Discover now