*ဒဿ ကျွန်တော်………စင်ဒရဲလားသူမ………*
မာန် သူမခုတင်ဘေးတွင်ထိုင်နေမိသည်သူမသတိရနေပါပြီ
သို့ပေမဲ့မာန့်ကိုစိတ်ဆိုးနေဆဲ!"ကိုကိုကြီး ရင်နင့်အတွက်စွပ်ပြုတ်ရပါပြီ"
"ထားခဲ့လိုက်မဝင်းကျနော်သူ့ကိုကျွေးလိုက်မယ်"
"ဟုတ်ကဲ့"မဝင်းကစွပ်ပြုတ်ပန်းကန်လေးချထားပြီးပြန်ထွက်သွားသည်
ရင်နင့်သတိရနေပေမဲ့မာန့်ကိုဂရုမစိုက်တစ်ဖက်လှည့်နေသည်
သူမငိုနေတာလဲဖြစ်နိုင်သည်"ရင်နင့် ဆေးသောက်လို့ရအောင်
စွပ်ပြုတ်နည်းနည်းသောက်လိုက်အုံး""…………"
"ရင်နင့်ထပါကွာကိုကိုကြီးပြောတာနားထောင်ပါ
ရင်နင့်ကလိမ်မာပါတယ်"မာန်သူမကိုပွေ့ထူလိုက်သည်
သူမမာန့်လက်တွေကိုဖယ်ချပစ်သည်
မာန်စိတ်မကောင်းဖြစ်ပေမဲ့သူမနေမကောင်းဖစ်နေသည်မို့နားလည်ပေးလိုက်သည်"ရော့…ပါးစပ်ဟကိုကိုကြီးခွံ့ကျွေးမယ်"
"မစားချင်ဘူး ရင်နင့်တစ်ယောက်ထဲနေချင်တယ်
ကိုကိုကြီးထွက်သွားပေးပါ""ရင်နင့်ဆေးသောက်ရမယ်လေအစာစားရမယ်လို့ဒေါက်တာကပြောသွားတယ် စားလိုက်နော် ဟပါအုံး"
"မစားချင်ပါဘူးလို့ပြောနေတယ်လေ"
"ချလွမ်……"ရင်နင့်ဇွန်းကိုပုတ်ချပစ်လိုက်သည်
စွတ်ပြုတ်အရည်ကကိုကိုကြီးပေါင်ပေါ်စင်ကျသွားသည်"ရင်နင့်ရယ်မင်းအခုလိုဖြစ်နေတာကိုကိုကြီးကြောင့်လား
ကိုကိုကြီးကိုဘာတွေမကျေမနပ်ဖြစ်နေတာလဲ
ကိုကိုကြီးဘာအမှားလုပ်မိလို့လဲကွာရင်နင့်မကျေနပ်ရင်ပြောပါ
အခုလိုသူစိမ်းဆန်တာမျိုးတော့မလုပ်ပါနဲ့""အကျဉ်းသားသာသာဘဝနဲ့နေရတာကိုရင်နင့်ပျော်တယ်ထင်လို့လား
ဟုတ်တယ်ရင်နင့်အခုလိုနေမကောင်းဖြစ်ရတာကိုကိုကြီးကြောင့်
ဖြစ်နိုင်ရင်လေ ရင်နင့်တခါထဲသေပစ်လိုက်ချင်တာ
ဆက်ပြီးစိတ်မဆင်းရဲချင်တော့ဘူး
ကိုကိုကြီးအနားမှာလဲလုံးဝမနေချင်ဘူး"