Part-10

1.1K 72 9
                                    

Ep.10*ဒဿကျွန်တော်………စင်ဒရဲလားသူမ………*

"ကိုယ့်ကိုချစ်လားလို့"

"မချစ်ပါဘူးရှင်ကနော်မေးတာကိုကရင်နင့်ကိုအထင်သေးသလို
ရှင့်ကိုမိန်းကလေးတိုင်းကကြွေနေတယ်ဆိုပြီးဘဝင်မြင့်နေတာလား"

"အဟက်မဟုတ်ပါဘူး
ရင်နင့်ငါမင်းကိုဘာလို့စိတ်ဝင်စားတယ်ထင်လဲ"

"ဘယ်သိမလဲ"

"မင်းကသူများနဲ့မတူတာကြောင့်
ဘယ်သူတွေငါ့ကိုဘယ်လောက်စိတ်ဝင်စားနေပါစေ
မင်းကငါ့ကိုသိတာတောင်မသိဘူးလေ ငါဘယ်လောက်မင်းအတန်းလာလာမင်းကတော့မသိချင်ယောင်ဆောင်နေတက်တယ်လေ ငါ့ကိုချေနေတော့မင်းကိုသတိထားမိလာစေတယ်"

"အော် ဖြစ်ရလေရင်နင့်ကပဲရှင့်ကိုသဲသဲလှုပ်နေရမလို
ကိုယ့်စတိုင်နဲ့ကိုယ်နေတာပါရှင်သတိထားမိအောင်တခါမှမလုပ်ခဲ့ဖူးဘူး"

"ဟုတ်ပါတယ်မင်းကကိုယ့်ကိုမဆွဲဆောင်ဘဲနဲ့ကိုယ်ကမင်းကိုချစ်မိသလိုဖြစ်လာတာ"

"အော်……"

"ကိုယ့်ကိုပြန်ချစ်နော်"

"အို့……ရှင်ဘာလုပ်တာလဲဖယ်ပါ"

မက်တပ်ရပ်နေတဲ့ရင်နင့်ကိုရွှေမင်းသားလှမ်းဆွဲလိုက်ပြီး
ခါးကနေသိမ်းဖက်ထားလိုက်သည်

"ချစ်တယ်လို့ပြောကွာ"

"အို…ဘာဆိုင်လို့လဲရင်နင့်မှရှင့်ကိုမချစ်တာ"

"ဒါဆိုဘယ်သူ့ကိုချစ်တာလဲ"

"ဟင်……"ရင်နင့်မဖြေတက်တော့ ရင်နင့်နှလုံးသားက1500အချစ်နဲ့ဘယ်သူ့ကိုမှမချစ်ဖူးပါ
528အချစ်နဲ့သာချစ်ဖူးသည်
ရင်ခွင်ရိုင်းထဲရောက်နေသည်မို့နှလုံးသားကအဆမတန်ခုန်ပေါက်နေသည်
တင်းကျပ်စွာဖက်ထားသည့်ရွှေမင်းသားလက်တွေကအနိုင်ပိုင်းစွာ
အေးစက်လာသည့်လက်ဖျားတွေကလဲကိုကိုကြီးမဟုတ်သည့်တခြားသူတစ်ယောက်ရင်ခွင်မှာရင်နင့်ရောက်နေတာကြောင့်ဖြစ်လိမ့်မည်
ဒါကိုပဲ1500အချစ်လို့သတ်မှတ်လိုက်ရမှာလား

"လွှတ်ပေးပါ ဒီလိုလုပ်တာရင်နင့်မကြိုက်ဘူး"

"မွ……အားပါးပါးမွှေးလိုက်တဲ့ပါးလေးကွာ
အဖြေပေးလို့"

ဒဿ...ကျနော် စင်ဒရဲလား...သူမ/ဒႆ...က်ေနာ္ စင္ဒရဲလား...သူမWhere stories live. Discover now