*ဒဿ ကျွန်တော်………စင်ဒရဲလားသူမ………*
ညငှက်ငယ်များ၏အော်မြည်သံများနှင့်အတူအရက်ခွက်ကိုကိုင်ထားသည့်မာန့်လက်တွေကမမြဲချင်……
ငှက်မြည်သံများကိုရင်နင့်အသံလို့သာထင်နေမိသည့်အဖြစ်
သူမခေါ်သံများသာနားထဲရစ်ဝဲနေလေသည်
လူတစ်ယောက်ကိုချစ်ရတာသိပ်ကိုပင်ပန်းလွန်းပါတယ်
အချိန်တွေအကြာကြီးချစ်ခဲ့တာတောင် တစ်ချက်လေးမှမငဲ့ဘဲ
ထားသွားရက်တဲ့မိန်းကလေးရယ်
မင်းကိုလေကိုကိုကြီးအပြစ်မမြင်ရက်ဘူး
ဒီရင်ခွင်ကိုအစိမ်းလိုက်ခွဲပြီးဆားနဲ့ပက်သွားရင်တောင်
မင်းကိုချစ်အုံးမှာ…ပျော်ပါစေစင်ဒရဲလားလေးရယ်အရက်ပုလင်းတွေသာတစ်လုံးပြီးတစ်လုံးလဲကုန်သည်
မာန်ကတော့လဲကျမသွားသေး……
ညည့်နက်လေအလွမ်းအဆိပ်တက်လေများဖြစ်နေသလား
အရက်ကိုရေမရောဘဲအဆက်မပျက်သောက်နေမိသည်အထိပါ"ရင်နင့်ရေ……ရင်နင့် မင်းဘယ်မှာလဲကွာ
ပြန်လာခဲ့ပါအုံးရင်နင့်ရယ်……ကိုကိုကြီးကိုထားမသွားပါနဲ့ကွာ
မင်းမရှိရင်ကိုကိုသေသွားလိမ့်မယ် အေ့……ရင်နင့်ရေ……"မဝင်းမနက်ခင်းထမင်းအိုးထတည်တော့ဧည့်ခန်းစားပဲတွင်မှောက်နေသည့်ကိုကိုကြီးကိုတွေ့လိုက်ရသည်
အရက်ပုလင်းများကလဲအစီအရီ………"ဟောတော်ကိုကိုကြီးအရက်တွေတစ်ညလုံးထိုင်သောက်ထားတာလား
ဒုက္ခပါပဲ နေမကောင်းဖြစ်ရင်မလွယ်ဘူး""ကိုကိုကြီး…ကိုကိုကြီးအခန်းထဲသွားအိပ်လိုက်ပါ
ဒီတိုင်းဆိုနေရတာမသက်သာဘူး""ဟင် ရင်နင့်လားဟင် ကိုကိုကြီးစီပြန်လာတာလား"
မာန်မျက်လုံးကိုအားယူဖွင့်ကြည့်ရသည်"ရင်နင့်မဟုတ်ပါဘူးကိုကိုကြီး မဝင်းပါ"
"အော် မဝင်း sorryဗျာ ဘယ်အချိန်ရှိနေပြီလဲ"
"မနက်လေးနာရီရှိပါပြီကိုကိုကြီး"
"အဲ့လောက်တောင်ရှိသွားပြီလား"မာန်စားပွဲကနေထတော့လူကယိုင်နေသည်
"ရရဲ့လားကိုကိုကြီးမဝင်းကူပေးရမလား"
"ရတယ်မဝင်းကျနော်မမူးပါဘူး"